0
သမိုင်းတစ်လျှောက်မှာ အပြစ်ရှိတဲ့ လူသားတွေကို ရိုးရိုးတန်းတန်းသေဒဏ်ပေးရုံသာမကဘဲ ရက်စက်စွာ နှိပ်စက်ပြီး သတ်ဖြတ်လေ့ရှိကြပါတယ်။ဒီလို နည်းစနစ်တွေဟာ  အတိတ်ခေတ်ကာလတွေမှာ ကျင့်သုံးခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှာ သူ့ရဲ့ နှိပ်စက်နည်းစနစ်အမျိုးမျိုး ကျင့်သုံးခဲ့ကြပါတယ်။နှိပ်စက်နည်း ကိရိယာတွေကိုလည်း သမိုင်းတစ်လျှောက်လူသားတွေ အမျိုးမျိုးတီထွင်ခဲ့ကြပြီး လူတစ်ယောက်ကို စီရင်တော့မယ်ဆိုရင် အများပြည်သူများကလည်း ပြပွဲတစ်ပွဲကဲ့သို့လာရောက်ကြည့်ရှုလေ့ရှိခဲ့ကြပါတယ်။အခုဒီမှာတော့ သမိုင်းတစ်လျှောက်အရက်စက်ဆုံး နှိပ်စက်နည်းစနစ်များကို ဖော်ပြလိုက်ပါတယ်။


၇။ ကြေးဝါ နွားရုပ် (The Brazen Bull)
ဒီနှိပ်စက်နည်းစနစ်ကိုတော့ ရှေးခေတ်ဂရိတွေ တီထွင်အသုံးပြုခဲ့တာ ဖြစ်ပြီး ဆစ်စလီ နွားရုပ် (Sicily = မြေထဲပင်လယ် တစ်ဝိုက်မှ ဒေသ )လို့လည်း လူသိများပါတယ်။ကြေးဝါနွားရုပ်ကို အခေါင်းပုံစံ ပြုလုပ်ထားပြီး ဘေးဘက်မှာ တံခါးနဲ့ အပြင်က ချက် ချထားလို့ရတဲ့ ပုံစံ ပြုလုပ်ထားပါတယ်။တရားခံကို နွားရုပ်ထဲထည့်ပြီး နွားဗိုက်အောက်ကနေ မီးအပူပေးတဲ့အခါမှာ အထဲက တရားခံက အရှင်လတ်လတ် အကင်ခံရပြီး အော်ဟစ် သေဆုံးသွားစေရန်ဖြစ်ပါတယ်။နွားရုပ် ပါးစပ်မှာလည်း အပေါက်လေးပါဝင်ပြီး နွားရုပ်ကို သုံးထားရခြင်း အကြောင်းရင်းက တရားခံအော်ရင် နွားအော်သံကဲ့သို့ထွက်ပေါ်ရန် သုံးထားခြင်း ဖြစ်ပါတယ်။


၆။ ကားစင်တင်သတ်ခြင်း (Crucifixion)
ရှေးပဝေဏီကတည်းက အသုံးပြုခဲ့ကြပြီး ယေရူ ခရစ်တော် ကို ကားစင်တင်သတ်ခဲ့တဲ့ နည်းဖြစ်တဲ့ အတွက်လည်း လူသိများထင်ရှားတဲ့ နှိပ်စက်နည်းတစ်ခု ဖြစ်ပါတယ်။ဒီနည်းမှာဆိုရင် ကြက်ခြေခတ်ပုံစံသစ်သားတိုင်မှာ လူတစ်ယောက်ကို သံမှိုများနဲ့ ရိုက်နှက်ကာ သစ်သားတိုင်ကို ထောင်လိုက်ပြီး တရားခံဖြစ်သူ မသေမချင်း ဒီအတိုင်းထားတဲ့ နည်းနဲ့ စီရင်တဲ့ ပုံစံ ဖြစ်ပါတယ်။


၆။ အပျိုစင် သံရုပ် (Iron Maiden)
ဒီနှိပ်စက်နည်းကိရိယာဟာ အခေါင်းတစ်ခု ဖြစ်ပြီး ထိုသံရုပ်အခေါင်းရဲ့ အတွင်းမှာ ဆူးချွန်များတပ်ထားပြီး အပြင်က နေ ချက် ချထားလို့ရတဲ့ ကိရိယာ တစ်ခု ဖြစ်ပါတယ်။တရားခံဖြစ်သူကို သံရုပ်အခေါင်းထဲပိတ်လှောင်ထားပြီး တရားခံမှ ဆူးချွန်များကြောင့် ရွေ့လိုပင်မရတဲ့ အခါမှ စစ်ဆေးမေးမြန်းသူက တရားခံကို အပေါက်မှ ဆူးချွန်နဲ့ထိုးပြီး တရားခံ မလှုပ်လှုပ်အောင် နှိပ်စက်တဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။


၅။ လက်မကို ကြိတ်ခွဲပြီး နှိပ်စက်နည်း (Thumbscrew)
လက်မကို ကြိတ်ခွဲတဲ့ နည်းစနစ်ဟာ ဒီဇိုင်းအမျိုးမျိုး အသုံးပြုခဲ့ကြပေမဲ့ ရည်ရွယ်ချက်ကတော့ လက်ကို ကြိတ်ခွဲရန်သာ ဖြစ်ပါတယ်။ဒီ ကိရိယာဟာ လက်မနဲ့ လက်ချောင်းလေးများကို တဖြည်းဖြည်း ကြိတ်ရန် ဖြစ်ပြီး ဒူး၊တံတောင်နဲ့ ခေါင်းအထိ တဖြည်းဖြည်း ကျိတ်ခွဲလို့ ရတဲ့ ကိရိယာတွေလည်း ရှိခဲ့ပါတယ်။ကိရိယာ ရဲ့ ရည်ရွယ်ချက်ကတော့ မသကာင်္သူ တရားခံများကို ၀န်ခံချက်ပေးစေရန်အတွက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။


၎။ ရှေးပြင်သစ်နိုင်ငံတွင်ကွပ်မျက်ရာ၌သုံးသည့်ခေါင်းဖြတ်စက်။ (Guillotine)
နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ခေါင်းဖြတ်နည်းဖြစ်ပြီ ဒီကိရိယာမှာဆိုရင် ခေါင်းဖြတ်ရန်ဓားကို ကြိုးတစ်ချောင်းနဲ့ ချိတ်ဆွဲထားပြီး တရားခံဖြစ်သူရဲ့ ခေါင်းကို တုံးပေါ်မှာ ဓားနဲ့ ကွက်တိကျအောင် တင်ထားပြီး ကွပ်မျက်တဲ့ကိရိယာ ဖြစ်ပါတယ်။ဒီလို ခေါင်းဖြတ်သတ်ခြင်းကို လျင်မြန်ပြီး နာကျင်မှု နည်းပါးတဲ့အတွက် လူသားအဆန်ဆုံးလူသတ်နည်း စနစ်လို့ သတ်မှတ်ထားခဲ့ကြပါတယ်။



၃။ ကြွက်ဖြင့် နှိပ်စက်နည်း (Rat Torture)
 အလယ်ခေတ်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို ကြည့်သူတွေကတော့ ဒီနှိပ်စက်နည်းကို သိကြမှာ ဖြစ်ပြီး အလယ်ခေတ်က အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ဒီနှိပ်စက်နည်းဟာ အရက်စက်ဆုံး နှိပ်စက်နည်းစနစ်တွေထဲမှာ အပါအ၀င်ဖြစ်ပြီး တရားခံဖြစ်သူရဲက ဗိုက်ပေါ်မှာ ခြင်းတစ်ခြင်းတင်ထားပြီး ခြင်းထဲမှာ ကြွက်တစ်ကောင်ထည့်ထားပါတယ်။ထိုနောက် ခြင်းရဲ့ အပေါ်ဘက်မှ အပူပေးလိုက်သောအခါ ကြွက်ရဲ့ ဗီဇအရ တရားခံဖြစ်သူရဲ့ ဗိုက်ပိုင်းကို တွင်းတူးပြီးထွက်ပြေးစေတဲ့အခါမှာ ထိုဒဏ်ရာကြောင့်ပဲ တရားခံဖြစ်သူကို သေဆုံးစေတဲ့ နည်းဖြစ်ပါတယ်။


၂။ အင်္ဂတေ ဖိနပ် (Cement Shoes)
 ဒီနည်းစနစ်ကတော့ လတ်လတ်ဆတ်ဆတ်အသုံးပြုခဲ့တဲ့ နည်းစနစ်တစ်ခုဖြစ်ပြီး အမေရိကန် မာဖီးယား ဂိုဏ်းမှ သစ္စာဖောက်များနဲ့ သူလျှိုများကို ဖမ်းဆီးမိရင် နှိပ်စက်တဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။ဒီနည်းမှာဆိုရင် တရားခံဖြစ်သူရဲ့ ခြေထောက်ကို ပုံးတစ်ပုံး ထဲထည့်စေကာ ထို ပုံးကို အင်္ဂတေ လောင်းထည့်ပြီး အင်္ဂတေ ခြောက်သွားတဲ့ အခါကျရင် တရားခံကို မြစ်ထဲ ပစ်ချပြီးနှိပ်စက်တဲ့ နည်း တစ်ခုဖြစ်ပါတယ်။



၁။ လေးဖက်လေးလံ ကြိုးဆွဲပြီး နှိပ်စက်ခြင်း။(Hanged, Drawn, and Quartered)

 အလယ်ခေတ်(အေဒီ၁၁၀၀ ၁၄၀၀ခန့်) က အင်္ဂလန်နိုင်ငံမှာ အမြင့်ဆုံး ပြစ်မှုဖြစ်တဲ့ နိုင်ငံတော်သစ္စာဖောက်မှု ကျုးလွန်တဲ့ တရားခံများကို စီရင်တဲ့ နည်းစနစ် တစ်ခုဖြစ်ပြီး ၁၈၁၄ ခုနှစ်မှာ ဒီနည်းစနစ်ကို ဖျက်သိမ်းခဲ့ပါတယ်။ဒီနည်းမှာဆိုရင် တရားခံဖြစ်သူရဲ့ လည်ပင်းကနေကြိုးချည်ပြီး ကြိုးဆွဲချစေပါတယ်။တရားခံသေခါနီး ဆဲဆဲမှာကြိုးကို ဖြတ်ချလိုက်ပြီး ထိုနောက်တရားခံရဲ့ ဗိုက်တွင်းကလီစာများကို နိုက်ယူကာ နောက်ဆုံးမှာ ခန္ဓာကိုယ် လေးဖက်လေးလံကို ကြိုးချည်ကာ မြင်းနဲ့ ဆွဲတဲ့ နည်းဖြစ်ခဲ့ပါတယ်။


 

Post a Comment

 
Top