မြန်မာလူမျိုးတို့၏ သမိုင်းကြောင်းတလျှောက်တွင် မြန်မာ့ဓါးသည် တခန်းတကဏ္ဍမှပါဝင်ခဲ့သည်။ ကမ္ဘာလူမျိုးအသီးသီးတို့တွင် ကိုယ်ပိုင်ဓါးများရှိကြပါသည်။ ဂျပန်လူမျိုးနှင့် ကင်ဒိုဓါးကိုခွဲခြားမရသလို မြန်မာလူမျိုးနှင့် ငှက်ကြီးတောင်ဓါးမှာခွဲခြားမရပါ ။ ငှက်ကြီးတောင်ဓါးသည် အခြားလူမျိုးတို့၏
ဓါးနှင့် မတူဘဲ ပုံစံနှင့် အသုံးပြုပုံ ကွဲပြားသည်။ မြန်မာ့ဆောင်းဓါး၊ ရှမ်းဓါး၊ မွန်ဓါးတို့နှင့်လည်းမတူဘဲ ကွဲပြားသည့် ဓါးဖြစ် သည်။ ဓါးတွင် အမျိုးမျိုးရှိသည် ခုတ်ဓါး၊ ထိုးဓါး၊ ပေါက်ဓါး၊ ဟူ၍အမျိုးမျိုးရှိသည်။ အချို့  ဓါးများသည် မျိုးစုံသုံး ၍မရပါ၊ ထိုးဓါးများသည် ခုတ်ဓါးကဲ့သို့သုံးမရသော ဓါးများရှိသည်။ ဥပမာ တရုပ်ဓါးပျော့များသည် ထိုးရာတွင် ထိုးမှန်မသိအောင် ထိုနိုင်သော်လည်း ခုတ်ရာတွင် ခုတ်ဓါးကဲ့သို့ အားမပါပါ။ အချို့  ဓါးများသည် စွယ်စုံသုံးနိုင်သည် ထိုထဲတွင် ငှက်ကြီးတောင်ဓါးသည် စွယ်စုံသုံးဓါးဖြစ်သည်။ ငှက်ကြီးတောင်၏အဓိပ္ပါယ် ဓါးပုံစံမှာ အရင်းတွင် လက် နှစ်သစ်သာရှိ၍ အဖျားတွင် လက်သုံးသစ်မှ လက်လေးသစ်ခန့်ရှိသည်။ ငှက်အတောင်ကဲ့သို့ အရင်းမှ အဖျားဘက်သို့ ကော့ပြီတက် သွားသော်ကြောင့် ငှက်ကြီးတောင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။
ခုတ်ဓါးလိုလည်းသုံးနိုင်သည်၊ ထိုးဓါးလိုလည်းသုံးနိုင်သည်။ ပိုင်းဓါးလိုလည်း သုံးနိုင်သည်။ ပေါက်ဓါးလိုလည်းသုံးနိုင်သည်။

ဓါးအရှည်
ဓါးအရှည်မှာ အသွား တတောင့်၊ တထွာ၊ တစ်မိုက်(၃၃ လက်မခန့်)၊ အရိုးတထွာ (၁၀ လက်မခန့်) ရှိသည်။

 ဓါးရိုး(ဓါးနှောင့်)
ဓါးတလက်၏အသက်မှာ ဓါးရိုးဖြစ်သည်။ ဓါးသွားကောင်းပြီ ဓါးရိုးမကောင်ပါက ဓါးကျွတ်ထွက်သွားမည် ဖြစ်သည်။ ဓါးရိုးကို ကြေး၊ ငွေ၊ ရွှေ မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်ကြသည်။ လက်ကိုင်မကျွတ်ထွက် စေရန်
ဓါးရိုးသံကို ဓါးနှောင့်နှင့်မြဲအောင်တခါထဲသတ်ရိုက်ထားသည်။
 ဓါးလက်ကိုင်(ဓါးရိုး)၏အဆုံးတွင် ရွှေ၊ ငွေ၊ မိုးကြိုသွားတို့ဖြင့်ပြုလုပ်
ထားသော ငယ်ဟုခေါ်သည့် ဘုချွန်လေးရှိသည်။ ဓါးပြီး၊ တုတ်ပြီးသောသူ များအား
ထိုငယ်ဖြင့် ထုရိုက်ပါက သေလေသည်။

ဓါးကောင်းသတ်မှတ်ပုံ
ဓါး၏အလေးချိန်မှာ အတိအကျမရှိသော်လည်း ဓါးအလယ်မှ ကိုင်ကာလက်ဖ၀ါးပေါ်တင်ပါက ငြိမ်နေရမည်။ အရှေ့ ဘက်ကို ညွတ်ကျပါက ဦးလေးသော ဓါးဖြစ်ပြီး၊ အနောက်ဘက်ကို ညွတ်ပါက ဓါးနှောင့်လေးသော ဓါးဖြစ်သည်။ ထိုသို့သော်ဓါးမျိုးများသည် ဓါးကောင်း စာရင်းမ၀င်ပါ။ အရှေ့ အနောက် မညွတ်ဘဲ
ငြိမ်နေသည့်ဓါးမျိုးမှ ဓါးကောင်းစာရင်းဝင်သည်။ မြန်မာသမိုင်းကြောင်းတလျှောက် ငှက်ကြီးတောင်ဓါးရဲ့  အစွမ်းကို ရန်သူတိုင်းက လေးစားခဲ့ရသည်။ ငှက်ကြီးတောင်ဓါးဖြင့်ကစားရသော ဓါးသိုင်းပညာရပ်များတွင် ဓားကြီး (၄)ပါး နှင့် ဓားစုံ (၁၀)ချင်းသည် ၃၇ ချင်း၏ အခြေခံဓားကွက်များဖြစ်ကြသည်။ ၃၇-ချင်းဟုသာ ဆိုသော်လည်း ဓားရေး
တစ်ချင်းလျှင် အပိုဒ်ခွဲပေါင်းများစွာပါဝင်နေပါသည်။ ၃၇-ချင်းဓားတွင် ဓားကွက်များမှာ မျက်နှာအနီး၊လည်ပင်းအနီး စသည်ဖြင့် ပွတ်ကာ သီကာ ကစားရသောအကွက်များ ၊ ဘယ်နှင့်ညာတပြိုင်နက်တည်း မှာပင်မတူညီသော ဓားကွက်များ ပါဝင်သည်။ မြန်မာမင်းများလက်ထက်တွင် ဓါးရေး ၃၇ ချင်းတတ်မှသာ တပ်မှူးအဖြစ် လည်းကောင်း၊ တပ်ဗိုလ်အဖြစ် လည်ကောင်း ခန့်အပ်သည်။ ယနေ့တိုးတက်လာတဲ့ခေတ်ဖြစ်သဖြင့် ဓါးများကိုအသုံးပြုခြင်း နည်းလာသော်လည်း ငှက်ကြီးတောင်ဓါး၏ ဂုဏ်မှာ ညှိုးနွမ်းသွားမည် မဟုတ်ပေ။

မြန်မာ့သမိုင်း ထင်ရှားသည့် ဓါးများ
မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါး (ရဟန်းသံဃာတော်များကို သတ်ဖြတ်သည့်သိုဟန်ဘွား၏ ခေါင်းဆေးမင်္ဂလာပွဲတွင် သိုဟန်ဘွားကိုခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထာသည့် ၀ါပိုးဝါ ကြမ်းခင်မှ ၀ါး ၅လုံးပါ ပြတ်သည်)
ရွှေဓါးဗိုလ်၏ ကိုးသင်္ချီုင်း သံဓါး (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။)
ဒွတ္တပေါင်းမင်းကြီး၏ဓါး (တစ်ချက်ထဲနှင့် နွားလည်ပင်းအကွင်းလိုက် ပြတ်သည်။)
စစ်ကိုင်း အသင်္ခယာစောယွန်း၏ ညိုရောင်ဓါး (ဆင်လည်ပင်းကို ပြတ်သည်။)
ပထမ မင်းခေါင်(မင်းဆွေ)၏ စိန်သွားရောင်ဓါး (နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။)
ဗျည်းနွဲ့၏ဓါး (ကျောက်ထု တစ်တောင်ကိုပြတ်သည်။)
မက္ခရာမင်းသားကြီး၏ မက္ခရာဓါး (ဓါး ဓါးခြင်းခုတ်လျှင် ရန်သူ့ဓါးထက်ပိုင်း ပြတ်သည်။)

" ငါတို့ရဲ့  မြန်မာသိုင်းပညာ၊ မြန်မာ့ငှက်ကြီးတောင်ဓါးဟာ သူတစ်ပါးကို အနိုင်ကျင့်ဖို့၊ ရန်ညှိုးကို ကလဲ့စားချေဖို့၊ လူတစ်ကားနဲ့ ရန်ဖြစ်ဖို့ အတွက် ထားခဲ့တာမဟုတ်ဘူး ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့ဘာသာ ငါတို့သာသနာကို
စော်ကားတဲ့ လူတွေကို ဆုံးမဖို့အတွက်သာဖြစ်တယ် "

ဆရာကြီးဦးလွင်
(ပင်မပွဲကျောင်း)
 
Top