ဗြိတိန်တော်ဝင်မိသားစုဝင်တွေ ဘယ်တော့မှ မပြောတဲ့ စကားလုံးများ
တော်ဝင်မိသားစုတွေဟာ တခြားသာမန်လူတွေနဲ့ ကွာခြားပါတယ်။သူတို့ရဲ့ နေထိုင်တဲ့ Life Style နဲ့နောက်ဆုံး အပြုအမှုတွေက အစနည်းနည်းတော့ ကွာခြားပါတယ်။နန်းတော်ထဲမှာနေတဲ့ သူတို့က တခြားသာမန်လူတွေနဲ့ မတူတဲ့ အချက်တွေအများကြီးရှိပါတယ်။နောက်ဆုံးစကားပြောတဲ့ နေရာမှာလည်း သူတို့ဟာ တခြားသာမန်လူတွေနဲ့ လုံးဝကွာခြားပါတယ်။သာမန်လူတွေက ပုံမှန် အတိုင်းပြောနေကြတဲ့ တစ်ချို့စကားလုံးတွေကို သူတို့ကတော့ ဘယ်တော့မှ မပြောကြပါဘူး။ဗြိတိန်တော်ဝင်မိသားစုဝင်တွေ ဆီကနေ ဘယ်တော့ မှ ကြားရမှာ မဟုတ်တဲ့ စကားတွေကတော့….
1. Pardon
ဒီစကားကိုတော့ တစ်ယောက်ယောက်က တစ်ခုခု ပြောတာကို မကြားလိုက်၊ မရှင်းလိုက်တဲ့ အခါမျိုးမှာ ပြန်မေးချင်ရင် သုံးလေ့ရှိတဲ့ စကားပါ။သာမန်လူတွေအ ဖို့တော့ ဒီစကားဟာ မယဉ်ကျေးတဲ့ စကားလုံးမျိုးလည်း မဟုတ်ပါဘူး။ဒါပေမယ့် တော်ဝင်မိသားစုဝင်တွေအဖို့ကတော့ အဲ့လို မဟုတ်ပါဘူး။သူတို့ကတော့ Pardon ဆိုတဲ့စကားထက် ‘sorry?’ (သို့) ‘sorry, what?’ လို့သာ သုံးကြပါတယ်။
2. Toilet
ဒီစကားလုံးကို တော်ဝင်မိသားစုဝင်တွေက မသုံးကြပါဘူး။ဒီစကားလုံးဟာ ပြင် သစ်ဘာသာကနေ ဆင်းသက်လာတာလို့ သိရပါတယ်။ဒါကြောင့်ပဲ ရှောင် တြာ ဖစ်နိုင်ပါတယ်။သူတို့ကတော့ ‘bog’ or ‘loo’ လို့ပဲ သုံးကြပါတယ်။ Buckin ghamနန်းတော်ထဲကို ရောက်လို့ “toilet” ဘယ်မှာလဲလို့ မေးလို့မရပါဘူး။ အဲ့ဒီအစား LOO ဘယ်မှာလဲလို့ပဲ မေးလို့ရပါမယ်။
3. Perfume
ဒီစကားလုံးကိုလည်း သူတို့က မပြောကြဘူးလို့ သိရပါတယ်။perfume လို့ပြောချင်လာရင် သူ့အတွက် တခြားသီးသန့်စကားလုံးမရှိပါဘူး။ဒါပေမယ့် scent လို့တော့ပြောလို့ရပါတယ်။ဥပမာ- ရေမွှေးနံ့လေးက ကောင်းလိုက်တာ ဆိုရင် အဲ့ဒီအစား အနံ့လေးက ကောင်းလိုက်တာလို့ ပြောမှ ရပါလိမ့်မယ်။
4. Lounge
နန်းတော်ထဲမှာ အခန်းတွေ အများကြီးရှိပါတယ်။ဒါပေမယ့် သူတို့ဆီမှာ lounge (ဧည့်ခန်း)ဆိုတဲ့ စကားလုံးကို မသုံးပါဘူး။ဒါဟာ ဘာဖြစ်လို့လဲ ဆိုတော့ တော်ဝင်မျိုးနွယ်တွေဟာ လူသားဆန်မှုကို ဆန့်ကျင်တဲ့ Hollyoaks တို့ကို TV ကနေ ကြည့်ဖို့ နေရာတမင်သတ်မှတ်ထားတယ်ဆိုတာမျိုး(TV ကြည့်ဖို့နေရာ လို့ သတ်မှတ်ထားတာမျိုး)ကို ခွင့်မပြုကြဘူးလို့ သိရပါတယ်။
ဒီစကားရဲ့ မြန်မာလို အဓိပ္ပါယ်ကတော့ ကြော့မော့၊သားနား၊အပျံစားပဲ လို့ ဆိုလိုတာပါ။ဒီလို နည်းနည်းလေး ဗန်းစကားဆန်တဲ့ စကားလုံးမျိုးကို တော် ၀င်မျိုးနွယ်တွေက ဘယ်တော့မှ မပြောပါဘူး။’smart’ ဆိုတဲ့ စကားလုံးကိုပဲ သူတို့သုံးကြပါတယ်။
6. Tea
ဗြိတိန်မှာကတော်ဝင်မျိုးနွယ်ဝင်မဟုတ်သူတွေကတော့ ညနေစာကို “tea” လို့ သုံးနှုန်းကြ ပါတယ်။ဒါပေမယ့် တော်ဝင်မျိုးနွယ်တွေကိုတော့ ဒီလို အသုံးအနှုန်းနဲ့ သွားပြီြးေ ပာလို့မရသလို၊သူတို့ကလည်း ဒီစကားလုံးကို မသုံးကြပါဘူး။’dinner’ or ‘supper’ လို့ပဲသုံးကြပါတယ်။
Ref;themirror

Post a Comment