ဒုတိယအကြိမ်၊ ပဉ္စမအကြိမ် ပုံမှန်လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ်များ အစားထိုးပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။
အစားထိုးပြောင်းလဲခြင်းအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ မေလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။
အမျိုးသားလွှတ်တော်၌ ၁၀ ဦး၊ ပြည်သူ့လွှတ်တော်၌ ၁၂ ဦးတို့အား အစားထိုးပြောင်းလဲသွားမည် ဖြစ်ကြောင်းနှင့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သား အမျိုးသမီး ၂ ဦးပါဝင်လာကြောင်း (ပြည်သူ့လွှတ်တော်မှာ ယခင်ကတည်းက ပါဝင်) သိရှိရသည်။
ထိုအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ်များအား အစားထိုးပြောင်းလဲမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကော်ပွဲ ကော်မရှင်ထံမှ သိရှိရသည်။
ကချင်၊ ကယား၊ ကရင်၊ ရခိုင်၊ ရှမ်း၊ ပဲခူး၊ ရန်ကုန်၊ မကွေး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ် ၁၂ ဦးအား အစားထိုးပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကြယ်စင်ခ
 
Top