မိသားစုဆိုတာ ....
- ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်။

-စီးပွားရေးတွေ ပြေလည်ချင်မှပြေလည်လိမ့်မယ် တစ်ယောက်တစ်လုပ်စီ ဝေမျှစားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်။

- ဘယ်လောက်ပဲ အတွင်းမှာ မတည့်ကြပေမယ့် အပြင်လူနဲ့ ရန်ဖြစ်တဲ့အခါ မိသားစုဆိုတဲ့ သွေးက ပေါ်လာတတ်တယ်။

- ၅၂၈ အေးမြတဲ့ မေတ္တာတွေ ဖွဲ့စည်းတည်ဆောက်ထားတဲ့ စမ်းချောင်းလေးတစ်ခု အိုအေစစ်လေးတစ်ခု ဖြစ်တယ်။

- တခါတခါ မုန်တိုင်းတိုက်နိုင်တယ် တခါတခါ လေပြင်းတွေကျနိုင်တယ် ဒါပေမယ့် ရင်သွေးတွေကို ဘာမှ မထိခိုက်အောင် ကာကွယ်စောင့်ရှောက်ပေးချင်တာ မိသားစုစိတ်ဓါတ်ပဲ။

- မိစုံဖစုံရှိတဲ့ မိသားစုတွေ စည်းလုံးပျော်ရွှင်ကြရသလို မိစုံဖစုံမရှိတဲ့ မိသားစုတွေလည်း ၀မ်းနည်းစိတ်ပျက် မနေကြပါနဲ့ အနည်းဆုံးတော့ မိသားစုတော်ခွင့် ရှိနေကြသေးတယ်။ မိသားစု ရှိနေကြသေးတယ်။

- အိမ်ကြီးအိမ်ကောင်းနဲ့နေရတာ ဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် အဲဒီတဲစုတ်လေးကလည်း နွေးထွေးလုံခြုံမှုကို ပေးစေတတ်တယ်။

- အစားကောင်းအသောက်ကောင်းတွေ စားချင်မှ စားရလိမ့်မယ် ဒါပေယ့် အဲဒီငါးပိရည်ကျိုနဲ့ ဘဲဥချဉ်ရည်ဟင်းက မိဘမေတ္တာကိုဖော်ပြနေလိမ့်မယ်။

သင်ရော — မိသားစုထဲက တစ်ယောက်လား
ဒါဆို သင့်မိသားစုကို အခုပဲ နွေးထွေးစွာ ချစ်ခင်ယုယလိုက်ပါ။ ကြင်နာစောင့်ရှောက်လိုက်ပါ။ ဆုံးရှုံးသွားတဲ့အရာတွေဟာ ဘယ်တော့မှ ပြန်ရလေ့မရှိဘူး။
 
Top