သင်္ဘောသီး
သင်္ဘောသီးဟာ အစာချေဖျက်ရာမှာ အကူအညီပေးတဲ့ Papain ခေါ် အင်ဇိုင်းမ်တစ်မျိုး ပါဝင်တာကြောင့် အစာမကြေတဲ့အခါမျိုးမှာ စားပေးနိုင်ပါတယ်။
ပူစီနံ
ပူစီနံရွက်က အစာအိမ်နဲ့ အူတွင်းကြွက်သားတွေကို သန်မာစေပြီး အစာချေဖျက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အစာမကြေရင်ပြည့်နေချိန်မှာ ပူစီနံရွက်ပါတဲ့ ဖျော်ရည်မျိုးကို သောက်သုံးနိုင်ပါတယ်။
ကရဝေးစေ့
အိန္ဒိယ စတိုင် စားသောက်ဆိုင်တွေမှာ ဖန်ပုလင်းနဲ့ ထည့်ပြီး စားပွဲတိုင်းမှာ ထားလေ့ရှိတာကတော့ ကရဝေးစေ့ပဲ ဖြစ်ပါတယ်။ ကရဝေးစေ့မှာ ပါဝင်တဲ့ အဆီဓါတ်တွေဟာ အစာချေစနစ်နဲ့ အစာချေလမ်းကြောင်းကို သက်တောင့်သက်သာရှိစေပါတယ်။
ဂျင်း
ဂျင်းဖျော်ရည်ဟာလည်း အစာအိမ်နာတာတွေကို သက်သာစေပါတယ်။ အစာချေလမ်းကြောင်းကို ရှင်းလင်းပေးတာကြောင့် ချောမွေ့စေပြီး အော့အန်ခြင်းတွေ သက်သာစေပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးဟာ အနံ့အရသာလည်းရှိပြီး အစာချေစနစ်ကိုလည်း အထောက်အကူဖြစ်စေတာကြောင့် ကလေးငယ်တွေ အစာမကြေတဲ့အခါ ကျွေးနိုင်ပါတယ်။ အမျှင်ဓါတ်နဲ့ သကြားဓါတ်တွေ ပါဝင်တာကြောင့် ရေဓါတ်ဖြည့်တင်းပေးရာမှာလည်း အကူအညီပေးတာကြောင့် ဗိုက်အောင့်အော့အန်တာတွေကို သက်သာစေပါတယ်။
( Michelle )

Ref : Health
 
Top