ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တော်မှာ အရပ် 5 ပေ 5 လက်မအမြင့်ရှိတဲ့ စက်ရုပ်ရဲသားတစ်ဦး ပြီးခဲ့တဲ့ စနေနေ့က စတင်တာ ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဒူဘိုင်းရဲတပ်ဖွဲ့ဟာ 2030 မှာ စက်ရုပ်ရဲတပ်ဖွဲ့ဝင်အမြောက်အများ တိုးချဲ့ တည်ဆောက်သွားဖို့ရှိပြီး၊ ယခုစက်ရုပ်ကတော့ ကမ္ဘာမှာပထမဦးဆုံး စာရင်းဝင်သွားပါတယ်။
စက်ရုပ်ရဲသားဟာ ၎င်းရဲ့နာမည်ကိုတောင် သူ့ဘာသာ အမည်မှဲ့ခေါ်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ဘာသာစကား 6 မျိုး အထိ ပြောတတ်ပြီး၊ လူတစ်ဦးချင်းဆီရဲ့ မျက်နှာပြင်ဖော်ပြမှုအဓိပ္ပါယ်တွေကိုလည်း သိရှိနိုင်တယ်လို့ သိရပါတယ်။ စက်ရုပ်ရဲသားမှာ Touch Screen တပ်ဆင်ထားပြီး လူထုက ယင်းကိုအသုံးပြုကာ ရာဇ၀တ်မှုတွေကို တိုင်ကြားနိုင် တယ်လို့ ဆိုပါတယ်။
စက်ရုပ်ရဲသားဟာ သူလက်ခံရရှိတဲ့ သတင်းအချက်အလတ်တွေကို ရဲချုပ်ရုံးဆီသို့ စက္ကန့်ပိုင်းအတွင်း ပေးပို့သွားမှာဖြစ်ပါ တယ်။ ဒူးဘိုင်းရဲတပ်ဖွဲ့နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ Smart Services မှာ အထွေထွေဒါရိုက်တာလည်းဖြစ်၊ ရဲမှူးချုပ်ရာထူးကိုလည်း ထမ်းဆောင်နေဆဲဖြစ်တဲ့ Khalid Nasser Al Razzouqi က ယခု ရဲသားစက်ရုပ်ကို ကျေနပ်
အားရကြောင်း ဆိုပါတယ်။
source : mirror.co.uk
Post a Comment