0
 





ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် သင်ဇာနွယ်ဝင်းဟာ အခုဆိုရင် သူမရဲ့ပထဆုံး ရင်သွေးလေးကို လွယ်ထားရတာ ၂ လကျော်ရှိနေပါပြီ။ အိမ်ထောင်ကျခါစကတော့ သားသမီးချက်ချင်းမယူဘူးလို့ ဆုံးဖြတ်ထားပေမယ့် မမျှော်လင့်ဘဲ ရရှိခဲ့တာကြောင့် ခင်ပွန်းသည်ရော မိသားစုဝင်တွေပါ ပျော်ရွင်နေကြပါတယ်။
သင်ဇာနွယ်ဝင်းကိုယ်ဝန် စတင်လွယ်ထားချိန်မှာ ဗိုက်ထဲမှာပဲရှိနေသေးတဲ့ သူမရဲ့ ရင်သွေးလေးအပေါ်ဝေဖန်နေကျတဲ့ လူတွေကြောင့် သူမစိတ်ညစ်နေရပြီး အသွေးအသားပဲရှိသးတဲ့ သူမရဲ့ရင်သွေးလေးအပေါ်ဝေဖန်မှုတွေ မပြုလုပ်ကြဖို့ သင်ဇာနွယ်ဝင်းက “ဪလူတွေလူတွေမိန်းမချင်းလည်း ကိုယ်ချင်းမစာ ယောကျာ်းတွေလည်း နှမချင်းမစာမနာ ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်မရှိပဲ တစ်ဘက်သားကို ရိုင်းရိုင်းစိုင်းစိုင်းပြောကြတယ်။
အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ကို ဝေဖန်တာ နားလည်ပေးနိုင်ခဲ့ပေမဲ့ အခုမှသွေးသားပဲရှိသေးတဲ့ လူ့လောကထဲမရောက်သေးတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုစိတ်မျိုးနဲ့များ ပြောရက်ကြတာပါလိမ့်။
တစ်ချို့သောသူတွေဟာ မိဘက လူအဖြစ်မွေးလာကြပေမဲ့ လူစိတ်ပါမလာခဲ့ကြဘူး။ လူသိရှင်ကြား အိမ်ထောင်ပြုခဲ့လို့ ကလေးရတာဟာ ဖုံးကွယ်စရာမဟုတ်ပါဘူး။ သားသမီးဆိုတာ ဘုရားပေးတဲ့ ဆုပါ။ လိုချင်တိုင်းမရသလို ကံပါတဲ့အချိန်မှာလည်း ရောက်လာတက်ပါတယ်။မမျှော်လင့်ပဲ သားသမီးရတဲ့ အိမ်ထောင်သည်တွေ လောကမှာအများကြီးပါ မထူးဆန်းပါဘူး။ ဒါကိုအထူးအဆန်းလုပ်နေတာမှ အံ့သြဖို့ကောင်းတာပါ။ စကားဆိုတာ အကောင်းမပြောနိုင်ရင် မပြောတာကောင်းပါတယ်။နောက်တစ်ခုက မင်းသမီးဆက်လုပ်နေတာမဟုတ်တဲ့လူတစ်ယောက် မိခင်လောင်းတစ်ယောက်ကို သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ပဲ မြင်ပြီးကိုယ့်အမ ကိုယ့်ညီမသာဆိုရင်ဆိုတဲ့ စိတ်ကလေးနည်းနည်းတွေးပြီးမှ ဝေဖန်ကြပါ” ဟု သူမရဲ့ Facebook အကောင့်မှတဆင့် တောင်းဆိုလိုက်ပါတယ်
 

Post a Comment

 
Top