0
meal eat good time
နံနက်စာ = (မနက် ၇ နာရီမှ ၈ နာရီအထိ)
နံနက်စာ သည် တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံးသော အစာဖြစ်သည်။ နံနက်စာ ကို အာဟာရပြည့်ဝစွာ စားသုံးပေးခြင်းဖြင့် ဦးနှောက်နှင့်ခန္ဓာကို ကြံ့ခိုင်ဖွံ့ ဖြိုးရေးကို အဓိက အထောက်အကူပေးသည်။ ထို့ကြောင့် မနက် ၁၀ နာရီထက် နောက်မကျစေပဲ စားသင့်သည်။

နေ့လည်စာ = ( ၁၂ နာရီမှ ၂နာရီအထိ)
နေ့လည်စာ သည် သွေးထဲမှ ဂလူးဂို့စ်ဓါတ်တို့ကို ထိန်းထားသေည့်အတွက် နံနက်စာ စားပြီး ၄ နာရီအကြာမှာ စားပေးလျှင် အကောင်းဆုံးဖြစ်သည်။ ညနေ ၃ နာရီထက် နောက်မကျသင့်ပေ။

ညစာ = (၆နာရီမှ ၈ နာရီအထိ)
ညဘက်မှာ နှစ်ချိုက်စွာ အိပ်စက်နိုင်ပြီး ခန္ဓာကိုယ် ၏ ကယ်လိုရီ တို့ကို ထိရောက်စွာ အကျိုးပြုပေးနိုင်ရန် ညစာကို ၉ နာရီထက် နောက်မကျစေပဲ စားသင့်သည်။

မိမိတို့ ကျန်းမာရေး အတွက် အကောင်းဆုံးသောအချိန်များကို ရွေးချယ်ပြီး စားသောက်နိုင်ကြစေရန် မျှဝေလိုက်ပါသည်။ လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။
စောနွဲ့ နေဆိုင် – ပူတာအို
ကိုးကား – Healthy Food House

Post a Comment

 
Top