အိုးဘိုတောင်ရပ်ကွက် အိန္ဒိယ မြန်မာချစ်ကြည်ရေးဆေးရုံ အနောက်ဘက် မြစ်ဆိပ်ဘက်တွက် စည်ပင်မှ အမှိုက်ကားများလာရောက်ပစ်ခြင်းကို ရပ်ကွက်နေသူ၂၀ ကျော်ကယနေ့မေလ၂၈ရက်နေ့ညနေပိုင်းက တားဆီးခဲ့သည်။
ချမ်းမြဝတီရပ်ကွက်အမှိုက်ပုံမီးကြောင့်ဆက်မပစ်တော့ဘဲ
စည်ပင်မှယင်းနေရာတွင် လာရောက်ပစ်နေသည်မှာ ငါးရက်ခန့်ရှိနေပြီဖြစ်ပြီး တစ်နေ့ကို အစီးငါးဆယ်ခန့် လာရောက်ပစ်နေသည်ဟု ရပ်ကွက်နေသူများက ဆိုသည်။
အမှိုက်လာပစ်မှုကြောင့် မေလ၂၇ရက်နေ့ကလည်း စည်ပင်ဝန်ထမ်းများနှင့် ရပ်ကွက်နေသူလေးဦး ရုန်းရင်းဆန်ခက်ဖြစ်ခဲ့သည်ဟုသိရသည်။
စည်ပင်သာယာမှ ချမှတ်ပေးထားသည့်နေရာမှာ တစ်မိုင်ခန့်ဝေးပြီး မိုးရွာသည့်အတွက် လမ်းမကောင်းသဖြင့် သွားရောက်မပစ်နိုင်ဘဲ ယခုနေရာသို့ လာရောက် ပစ်ရသည်ဟု စည်ပင်ဝန်ထမ်းက ပြောသည်။



Post a Comment