Home
»
လိမ္မာရေး
» မိမိရဲ့ သားသမီးများကို အမွေအဖြစ်ပေးသင့်သော..ပေးအပ်သော...
မိမိရဲ့ သားသမီးများကို အမွေအဖြစ်ပေးသင့်သော..ပေးအပ်သော...
မျိုးချစ်စိတ် - သာသနာချစ်စိတ်...
သီဟိုဋ္ဌ် ရာဇဝင် ရဲ့ သာသနာပြုမင်းတစ်ပါးဖြစ်တဲ့..
"ဒုဌဂါမဏိမင်း" ငါးနှစ်သားအရွယ်မှာခမည်းတော်က သံဃာငါးရာပင့်ပြီးထမင်းခွံ့ မင်္ဂလာပြုပေးပါတယ်။
ညီတော်တိဿနဲ့အတူ သံဃာတော်များကို နို့ဃနာဆွမ်း ဆက်ကပ်ပါတယ်။
ပိုတဲ့ဆွမ်းကို...
!!! သင် တို့ဟာမြတ်စွာဘုရား သာသနာကိုစွန့်ပယ်လျှင် ဝမ်းသို့ဝင်သောဤဃနာနို့ထမင်းသည် အစာ
မကြေ ဖြစ်ပါစေသတည်း !!!
ဆိုပြီး ကျွေးပါတယ်။
ဒုဌဂါမဏိ နဲ့ ညီတော်တိဿ တို့လည်း အားရဝမ်း သာ စားကြတယ်။
ဒုဌဂါမဏိမင်း တစ်ဆယ့်နှစ်နှစ်သားရောက်ပြန်တော့လည်း သံဃာငါးရာပင့်ပြီး ဆွမ်းကျွေးပြန်တယ်။ ပိုတဲ့ဆွမ်း
ပထမ ပန်းကန်ကို..
!!! ချစ်သားတို့ ငါတို့ဘိုးစဉ်ဘောင် ဆက်ကိုးကွယ်ခဲ့တဲ့ ဘုရားသာသနာတော်ကိုမျက်ကွယ်ပြုလျှင် ဤအစာသည်အစာမ ကြေဖြစ်ပါစေသတည်း !!!
ဟုဆိုပြီး ကျွေးပါတယ်။ ဒီအခါမှာလည်း သားတော်နှစ်ပါးလည်း အားရဝမ်းသာစားကြပြန်တယ်။
ဒုတိယပန်းကန်ကိုလည်း..
!!! ညီအကိုနှစ်ယောက် ဘယ်သောအခါမှ မသင့်မတင့် မဖြစ်ပါ။ ဖြစ်ခဲ့လျှင် ဤအစာသည် အစာမကြေဖြစ်ပါစေသတည်း !!! ဟုဆိုပြီး ကျွေးပြန်တယ်။ ဒီအခါမှာလဲ အားရဝမ်းသာ စားလိုက်ကြပြန်ပါတယ်။
တတိယပန်းကန်ကို ထပ်ပေးပြီး..
!!! သာသနာပျက် မိစ္ဆာဒိဌိကုလားများနဲ့ မည်သည့်အခါမျှ စစ်မတိုက်ပါ ။စစ်တိုက်ခဲ့လျှင် အစာမ ကြေဖြစ်ပါစေသတည်း !!!ဟုဆိုပြီး ကျွေးတဲ့ အခါကြတော့ မစားကြ တော့ဘဲ အစာတွေကို ဘေးကို
ပက်ထုတ်လိုက်ပါတော့သည်။
ပြီးတော့ သားကြီးဒုဌဂါမဏိ ဟာအိပ်ယာပေါ်ခွေခွေကြီးသွားအိပ်နေပါတော့တယ်။
မယ်တော်ဘုရားက နောက်ကလိုက်ပြီး
!!! ချစ်သား***ဘာဖြစ်လို့ ခွေခွေကြီးအိပ်နေရသလဲ။ခြေလက်တွေ ဆန့်တန်းပြီး လွတ်လွတ်လပ်လပ် အိပ်ပါတော့လား !!! လို့ ပြောတဲ့အခါ..
!!! မယ်တော်ဘုရား`` ဂင်္ဂါမြစ်တစ်ဖက်ကမ်းမှာ မိစ္ဆာဒိဌိ ကျေးကုလားတွေနေ နေတယ်။ ဂေါဌသမုဒ္ဒရာကြီးကလည်း အိမ်နားမှာကပ်နေတယ်။ ဒီလောက်ကျဉ်းနေတာ သားတော်ဘယ်လိုလုပ်ပြီး ခြေဆန့်အိပ်လို့ရမှာလဲ !!!လို့ ပြန်ပြောလိုက်ပါတယ် ။
ဒီစကားကို ခမည်းတော်ကြားတော့စိတ်ထဲကကြိတ်ပြီး ကျေနပ်နေပါတယ်..
ငယ်ငယ်ကတည်းက အမျိုးကိုချစ်တဲ့စိတ် သာသနာကိုချစ်တဲ့စိတ် ရိုက်သွင်းပေးလိုက်တဲ့ ဒုဌဂါမဏိ ရဲ့ ဖခင် ၏လုပ် ရပ်က အတုယူစရာ ကောင်းလှပါတယ် ။