လူကြည့်များတဲ့ YouTube channel တစ်ခုဖြစ်တဲ့ ViralBrother
သရုပ်ဆောင်တွေဖြစ်ကြတဲ့ စုံတွဲဟာ ဗွီဒီယို မှတ်တမ်းအဖြစ် ရယူထားတဲ့
အချင်းချင်း မခံချင်အောင် စနောက်တဲ့ဗွီဒီယိုတွေကို ပြန်လည်မျှဝေရင်း နာမည်
ကြီးလာ ကြတဲ့ စုံတွဲဖြစ်ပါတယ်။
ယခု ဗွီဒီယိုမှာလည်း ချစ်သူကောင်မလေး ရေချိုးနေစဉ်မှာ ခေါင်းလျှော်ပေးမယ်ဆိုပြီး သိမ်းသွင်းခဲ့ပါတယ်။ အမျိုးသားက လည်း ခေါင်းလျှော်ရည်နဲ့ ကျကျနန လျှော်ပေးနေပါတယ်။ အဲဒီနောက်မှာတော့ အပြင်က ဆံပင်အတုကိုယူပြီး လက်ထဲမှာ ဆံပင်တွေအထွေး လိုက်ကြီး ပါလာတဲ့ ပုံစံမျိုးဟန်ဆောင်ခဲ့ပါတယ်။
ဒါကို တကယ်လို့ထင်တဲ့ အမျိုးသမီးဟာ သူမရဲ့ အရှက်ကိုတောင် လုံအောင် မဖုန်းနိုင်တော့ပဲ ရေစိမ်ကန်ထဲက ထပြီး ရန်ထောင်ပါ တော့တယ်။ သူတမင်နောက်တာ ဖြစ်ကြောင်း၊ ဆံပင်တွေ တကယ်ကျွတ်သွားတာ မဟုတ်ကြောင်း ချစ်သူဖြစ်သူက ရှင်းပြခဲ့ပေမယ့် ကောင်မလေးက လက်မခံခဲ့ပါဘူး။ နောက်ဆုံး ကောင်မလေးက ရေစိမ်ကန်ထဲကို တွန်းချတာကို ခံလိုက်ရပါတယ်။
အများကတော့ ဒီဗွီဒီယိုဖိုင်ထဲမှာပါတဲ့ ဆံပင်ကျွတ်တာတို့ ဘာတို့ဟာ
ဇာတ်လမ်းဆန်ဆန် တိုင်ပင် ရိုက်ထားတာတွေ ဖြစ်ကြောင်း သိကြပါတယ်။ ယခင်ကလည်း
သူတို့စုံတွဲရဲ့ ဗွီဒီယိုဟာ လူကြည့်များခဲ့ဖူးပါတယ်။
အဲဒီဗွီဒီယိုဖိုင်ထဲမှာ တော့ ကောင်မလေးက ကောင်လေး အသုံးပြုမယ့် မိလ္လာခွက်ကို စူပါဂလူးနဲ့ကပ်ပြီး ဒုက္ခရောက်အောင် လုပ်ထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ Revenge Prank ဆိုတဲ့ ခေါင်းစဉ်နဲ့ အလျှင်းသင့်သလို ဗွီဒီယိုတွေ တင်နေ ကြသူတွေ ဖြစ်ပါတယ်။
source : rachfeed.com

Post a Comment