ဗီယက်နမ်နိုင်ငံမှ လမ်းဘေးဈေးသည်လေးတစ်ယောက်ဟာ အွန်လိုင်းပေါ် မှာ အရမ်းနာမည်ကြီးနေပါတယ်။သူမရောင်းချတဲ့ အရသာရှိတဲ့ အစားစာတွေ တစ်ခုတည်းကြောင့် မဟုတ်ပဲ ချောမောတဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးနေ တာပါ။
ရောင်းချတဲ့ အစားအစာတွေကတော့ လတ်ဆတ်တဲ့ သစ်သီးဖော်ျရည်ပါ။လှပတဲ့ ရုပ်ရည်ကြောင့် အမျိုးသားဈေးဝယ်သူ တော်တော်များများက သူမနဲ့ ဓါတ်ပုံ တွဲရိုက်ခဲ့ကြပါတယ်။ဈေးရောင်းတဲ့ အလုပ်အပြင် တစ်ချိန်တည်းမှာပဲ ဓါတ်ပုံ အရိုက်ခံတဲ့ အလုပ်ကိုပါ လုပ်ပေးနေရတာပါ။တော်တော်များများကလည်း သူမရဲ့ သစ်သီးဖျော်ရည်ထက် လူကို ပိုစိတ်ဝင်စားနေကြတာပါ။
သူမရဲ့ လမ်းဘေးဆိုင်လေးဟာ ဈေးရဲ့ ထောင့်စွန်းမှာ တည်ရှိပါတယ်။ဒါပေမယ့် ဖောက်သည်တွေ ကတော့ မရရအောင်ရှာပြီး မရောက်ရောက်အောင် တဖွဲဖွဲ လာအားပေးနေကြပါတယ်။တစ်ချို့ကလည်း ဈေးဝယ် ချင်တာ မဟုတ်ပဲ ဓါတ် ပုံတွဲ ရိုက်ပေးရင် တစ်ခုခုဝယ်မယ်ဆိုပြီး အလဲအလှယ်လာလုပ်ကြတာပါ။
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် သူမကတော့ အပြုံးမပျက်ပဲ ဖောက်သည်တွေကို အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးနေပါတယ်။တောင်းဆိုသမျှကို အတတ်နို င်ဆုံး လိုက်လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။ဓါတ်ပုံအရိုက်ခံရပါ များလာတော့ ဘယ်လို Pose ကောင်းကောင်း ပေးရမလဲဆိုတာကို သိလာပြီလို့ သူမက ပြောခဲ့ပါတယ်။
Ref;koreaboo