0

 

လူတွေ အများ စုက ဆေးကို ဘယ်အ ရည်နဲ့ မဆို သောက်ရင် ပြီးရော
ဆိုပြီး ဖြစ်သလို နေတတ် ကြပါ တယ်။ဒါပေမယ့် ဆေးတွေ မှာလည်း သူတို့နဲ့
တွဲဖက် စားမ သုံးသင့်တာတွေ ရှိပါတယ်။အဲဒါ တွေက တော့...

၁။ Grape Fruit Juice က ဆေးတွေကို ချေဖျက် စေပါ တယ်။

၂။Orange , tomato Juice ပိုးသတ် ဆေး ပိဋိဇီဝ ဆေးကို ခန္ဒာက စုပ်ယူခြင်းကို နှောက်ယှက် စေပါ တယ်။

၃။ အစိမ်း ရောင်ရှိ ဟင်းသီိး ဟင်းရွက် (ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်...) စတာတွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင် ပါတယ်။vitamin-K များ တာက သွေးကြဲ ဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။

၎။ နို့ နဲ့ နို့်ထွက် ပစ္စည်း ဆိုရင် သံဓာတ်စုပ် ယူမှု နှောက်ယှက် စေတာကြောင့်သံဓာတ် အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာမှာ သတိထား သင့်ပါ တယ်။

၅။ Fibers က ဆေးစုပ် ယူမှု ပြောင်းလဲ စေပါ တယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါဘူး။နှလုံးဆေး , Digitals ,Penicillin  စတဲ့ ဆေး အချို့နဲ့ တွဲဖက် မစားသင့်

၆။ Coffee , Cola စတဲ့ ကာဖင်း ပါတဲ့ အစား အသောက်က ပန်း နာရင် ကျပ်ဆေး အာနိ သင်နဲ့ တူပါတယ်။asthma ဆေး ဖြစ်တဲ့ thephylline စတာသောက်ရင် caffeine မသောက် သင့်ပါဘူး။နိုးကြား စေပါ တယ်။ဒါကြောင့်ဆန့်ကျင်ဘက် ဆေးတွေကို မသုံးသင့်ပါဘူး။

၇။ Wine နဲ့ Cheese တွဲ ဖက်သောက်ရင် စိတ်ဓာတ် ကျရာမှာ သုံးတဲ့Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင်ပါတယ်။ အခန့် မသင့် ရင် အသက်တောင် သေစေ နိုင်ပါ တယ်။

ကဲ...ဘယ်လိုပဲ ဖြစ်ဖြစ် နော် ဆေးတွေကို ရေနဲ့ သောက်တာ အန္တရာယ် အကင်း ဆုံးပါပဲ......

ံhealth digest

Post a Comment

 
Top