စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးနန်စီပွန်ကျောက်စိမ်းမှော် အချင်းများမှုတွင် သေဆုံးသူ ရေမဆေးကျောက်ရှာသမားများ ဆေးရုံတက်နေရသူများနှင့် အခင်းဖြစ်စဉ်တွင်ပါသော လူပေါင်း ၇၀၀ ကျော်ကို ခန္တီးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ယခုလ ၁၇ ရက်က မကျန်ခမှော် မြန်မာအမ်ပီရီရယ်ဂျိတ်ကုမ္ပဏီအတွင်းသို့ ရေမဆေးသမား ၇၀၀မှ သွပ်ပြားများသံဆူးကြိုးများကို ဖျက်ဆီးဝင်ရောက်၍ ဆီကန်များအား မီးရှို့ သည်ဟုဆိုကာ လုံခြုံရေး ရဲတပ်ဖွဲ့မှ ၁၂ ဗို့ပြောင်းချော သေနတ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်တွင် ရေမဆေးသမား လေးဦးသေဆုံးပြီး ၅ ဦးမှာ ခန္တီးမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေရသည်။ သေဆုံးသူများတွင် သုးံဦးအလောင်းသာ ဆေးရုံရောက်ခဲ့ပြီး သေမှုသေခင်းဖွင့်၍ ရင်ခွဲစစ်ဆေးကာ ဒဏ်ရာကို ဆရာဝန်စစ်ချက်ယူထားကြောင်း သိရသည်။
ပထမစည်းတွင် လုံခြုံရေးယူသော ဒုရဲမှူးအပါအ၀င် တပ်ဖွဲ့ ၀င်၉ ဦးလည်း ကျောက်ဓားလှံများ ၊ခဲများဖြင့်ပစ်ခတ်ရိုတ်နှက်ခြင်းကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ရေမဆေးသမားများ မီးရှို့ဖျက်ဆီး၍ ကုမ္ပဏီပိုင် ဂါလံ ၁၃၀၀ ဆံ့ဆီကန် ၄၄ လုးံ( ၆ လုံးမှာ ဆီမရှိ )တို့ဆုးံရှုးံခြင်း၊ခြံစည်းရိုးများပျက်ခြင်း၊ရဲတပ်ဖွဲ့ဝင်များဒဏ်ရာရခြင်းတို့ကြောင့် ပုဒ်မ ၄၃၆/၄၂၇/၁၁၄/၃၃၂/၃၃၆ တို့ဖြင့် ခန္တှီးမြို့မရဲစခန်းမှူးကိုယ်တိုင် တရားလိုပြုလုပ်အမှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။
နှင်းမောင်
 
Top