0


တချို့ချို့သော နာမည်ကြီးတံဆိပ်များမှာ အတုအပ တွေအရမ်းများပါတယ်။ တစ်ချို့အတုတွေဆို အစစ်နဲ့ပင် အလွန်စင်တူအောင် ထုတ်လုပ်နိုင်တဲ့အတွက် ကျုပ်တို့တွေအနေဖြင့် ခွဲခြားဖို့ အတော်ပင်ခက်ခဲပါလိမ့်မယ်။
ကျွန်တော်(H2H)ကနေပြီးတော့ ဖုန်းအသစ်ဝယ်မယ်ဆိုတဲ့ ကိုကိုမမတွေအတွက် အတုနဲ့အစစ် ခွဲရန်အထင်ရှားဆုံးသော အချက်တစ်ချို့ကို ရွေးချယ်ပြောပြသွားမှာပါ။
1
တစ်ချို့သော အတုအပတွေမှာကျတော့ ထုတ်ပိုးမှုပိုင်းဆိုင်ရာဖြစ်တဲ့ ပါကင်ဘူးမှာက အစကွာခြားသွားပါတယ်။ တစ်ကယ့် အစစ်တွေမှာကျတော့ သူတို့ရဲ့ ထုတ်ပိုးမှုအသေးစိတ်လေးတွေကအစ
ဂရုတစိုက်နဲ့ သေချာထုတ်လုပ်ပြီး အပေါ်ပုံတွင်ပြသထားသည်ကဲ့သို့ မဖြစ်အောင်၊ သူတို့နာမည်ပျက်မရှိစေရန်အတွက် ပါကင်ပိတ်တာကအစ သေသေချာချာ စနစ်တကျ ဆောင်ရွက်ထားပါတယ်။
ဘူးခွံကိုနီးကပ်စွာ ကြည့်မယ်ဆိုရင်လည်း ပုံနှိပ်စာများရိုက်နှိပ်ထားသော quality ကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဘူးခွံအစစ်မှာဆိုရင် အပေါ်က ဒုတိယပုံတွင်ပြထားသလိုမျိုး စာလုံးတွေက သေးသွားတာမျိုးမဟုတ်ပဲ စာလုံးတစ်လုံးချင်းစီတိုင်းကို ရှင်းလင်းစွာမြင်နိုင်တဲ့ အရည်အသွေးတွေအပြည့်ရှိပြီး ဘူးခွံပါ စာလုံးများကလည်း တစ်ရွယ်တည်းပဲသွားနေမှာပါ။
ဘူးခွံကိုဖွင့်ပြီး အတွင်းပိုင်းမှာထိုဖုန်း၏ အသုံးဝင်ပုံကို ရေးသားထားသည့် စာရွက်တွေကိုကြည့်မယ်ဆိုရင်
2
ထိုဖုန်း၏ အသုံးဝင်မှုကို ရေးသားထားတဲ့စာရွက်ဖြစ်တဲ့ အတွက်ကြောင့် ဘယ်ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းပင်ဖြစ်ပါစေ လူအများဖတ်လို့လွယ်ကူသော၊ လူအများ နားအလည်နိုင်ဆုံးဖြစ်သော ဘာသားစကားဖြင့်သာ ရေးသားဖော်ပြတယ်။ ဒါကြောင့် ဘယ်နိုင်ငံ၊ ဘယ်ကုမ္ပဏီက ထုတ်တဲ့ ပစ္စည်းမဆို အင်္ဂလိပ်လိုသာ ရေးသားဖော်ပြပြီး ကျန်ဘာသာစကားဖြင့်ရေးသားဖော်ပြခဲ့မည်ဆိုပါက အတုအယောင်ဖြစ်နိုင်ချေရှိသည်။
ပြုလုပ်ထားတဲ့အရာဝတ္ထုတွေရဲ့ ပါဝင်ပစ္စည်းတွေကိုကြည့်မယ်ဆိုရင်

ဖုန်းအားသွင်းကြိုးတစ်ခုမှာ ပလတ်စတစ်၊ ရာဘာ နဲ့ အလူမီနီယမ် တို့ရဲ့ပါဝင်မှု အချိုးအစားတွေက အချိုးကျနေပါလိမ့်မယ်။ ပုံမှာပြထားတဲ့ အတိုင်း အားသွင်းကြိုးအစစ်ကို ဖုံးအုပ်ထားတဲ့ ပလတ်စတစ်က သေသပ်နေပြီး အတုမှာကျတော့ အားလုံးမြင်ကျတဲ့အတိုင်း သေသပ်မှုမရှိတဲ့ အပြင် အရည်အသွေးနိမ့်တဲ့ ပလတ်စတစ်ကိုအသုံးပြုထားပြီး လိုင်းအကြောင်းတွေကလည်း အားသွင်းကြိုးမျက်နှာပြင်ပေါ်တွင် ထင်ရှားစွာမြင်နေရပါတယ်။
အားသွင်းကြိုးအရှေ့မျက်နှာစာကို ကြည့်မယ်ဆိုရင်လည်း
 
4
တံဆိပ်ဆိုတဲ့အရာဟာဖုန်းတစ်ခုမှာ လူတစ်ယောက်ကို အဆွဲဆောင်နိုင်ဆုံးအရာ ဖြစ်တဲ့အတွက် သူ့ရဲ့ လုပ်ဆောင်ချက်တွေကလည်းအလွန်အပင်အရေးကြီးပါတယ်။ ဖုန်းတစ်လုံးရဲ့တံဆိပ်ဆိုတာ ဘယ်လောက်ပဲနှစ်တွေကြာသွားပါစေ သူတို့ရဲ့တံဆိပ်တွေကို ဖတ်လို့ရအောင်ပြုလုပ်ထားပါတယ်။
တံဆိပ်တွေရဲ့ စာလုံးတိုင်းကိုလည်း ချောမွေ့နေအောင်၊ ဖတ်ရလွယ်ကူအောင်၊ ကြည့်လို့လှအောင် ရိုက်နှိပ်ထားကြပါတယ်။ အာ့လိုမဟုတ်ပဲ စာလုံးစောင်းနေတာတို့၊ လိုတာထက်ပိုပြီး စာလုံးတွေကထင်းနေတာတို့၊စာလုံးတွေကျန်ခဲ့တာတို့ ဆိုရင် သေချာပါတယ် ဒီပစ္စည်းက အစစ်မဟုတ်တော့ပါဘူး။
အားသွင်းကြိုးရဲ့pinနေရာကို ကြည့်မယ်ဆိုရင်လည်း
5
အစစ်တွေမှာဆိုရင် Charger တွေအားလုံးကလည်း မိမိတို့သုံးစွဲတဲ့ နိုင်ငံတွေကိုလိုက်ပြီး အသုံးပြုရတာအဆင်ပြေအောင် ပြုလုပ်ပေးထားတယ်။ အာ့လိုမှမဟုတ်ရင် အားသွင်းကြိုးမှတစ်ဆင့် မလိုလားအပ်တဲ့ အန္တရယ်တွေပေါ်ပေါက်လာမှာဆိုးလို့ပါ။
အားသွင်းကြိုးအတုနဲ့အစစ်ကို ဘာကွာလို့လဲ? နှစ်ခုလုံးအားဝင်တာပဲ! ၀င်ရင်ပြီးရောဆိုပြီး သင့်စိတ်ထဲမှာ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် သင်သိထားရမယ့်အချက်က အစစ်တွေက အန္တရယ်ကင်းအောင် စနစ်တကျသေချာထုတ်လုပ်ထားပြီး ရည်ရှည်အသုံးပြုနိုင်ရန်အတွက် အရည်အသွေးမှီပြုလုပ်ထားသောကြောင့် သင့်အတွက် ယုံကြည်စိတ်ချမှုရှိစေနိုင်တယ်။
အားသွင်းကြိုးပလတ်ကိုလည်း အနီးကပ်ကြည့် ကြည့်မယ်ဆိုရင်
6
အစစ်နဲ့အတုက အရောင်မှာတင် စတင်ကွဲပြားနေပါပြီ။ အစစ်ရဲ့ အရောင်ဟာ အရမ်းကြီးမထင်းပဲ ရေရှည်မပျက်စီးအောင်ပြုလုပ်ထားပြီး အတုကတော့ အရောင်ထင်းနေအောင်ပြုလုပ်ထားပါတယ်။ အားသွင်းပလတ်မှာလည်း အစစ်က ဖုန်းနဲ့ထိုးလို်က်ပြီဆိုရင် အံ့ဝင်ဂွင်ကျဖြစ်နေပြီး အတုကတော့ အံ့ဝင်ဂွင်ကျဖြစ်နေခြင်းမရှိပါ။ အားသွင်းကြိုးပလတ်ရှည်ရင်အားပိုဝင်မှာပဲဆိုတဲ့ အတွေးတွေတစ်ချို့တွေမှာရှိနေကျလိမ့်မယ်။ တကယ်တမ်းတော့ လျှပ်စစ်ကူးအားက နက်နေ(တိုနေ) ပိုဝင်နေဖြစ်ပါတယ်။ ပြီးတော့ အံ့ဝင်ဂွင်ကျဖြစ်တဲ့အတွက် save လည်းဖြစ်တာပေါ့။
ထို့ကြောင့်ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ဖုန်းတစ်ခုကိုအစစ်နဲ့အတု ခွဲခြားသိနိုင်မှာပဲဖြစ်ပါတယ်။
ယခုလိုဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Post a Comment

 
Top