အဆိုတော်မိုးမိုးတို့စုံတွဲ ချစ်နေကြပုံများ

အဆိုတော် မိုးမိုး နဲ့ တရားဝင် ကွာရှင်းရန် ဇနီးဖြစ်သူ မဖြူသီမျိုးလွင် ရဲ့ တရားရုံး မှာ ဦးတိုက်လျှောက်ထားမှုကို ၂၀၁၆ခုနှစ် သြဂုတ်လ (၂၃) ရက်နေ့က မဖြူသီမျိုးလွင် အား အနိုင် ဒီဂရီပေးလိုက်ပြီး တရားဝင် ကွာရှင်းခွင့် ရရှိသွားပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့   (၃)နှစ်လောက် ကတည်းက အိမ်ထောင်ရေးပြဿနာတွေကြောင့် တရားရုံးမှာ မိုးမိုး ရဲ့ ဇနီးသည်ဟာ ကွာရှင်းခွင့် တောင်းခံခဲ့ပါတယ်။
အဆိုတော်မိုးမိုးတို့စုံတွဲ ချစ်နေကြပုံများ

ကွာရှင်းဖို့ ကိစ္စကို အဆင့်ဆင့် တရားရင်ဆိုင်ခဲ့ပြီးနောက် တရားရုံးက ချ မှတ်တဲ့ အနိုင်ဒီဂရီ ကို မဖြူသီမျိုးလွင် က ရရှိခဲ့ကြောင်း သူမ ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

"အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့ ယောက်ျား ကို ဆက်ပြီး မပေါင်းနိုင်တော့တဲ့ အတွက် လွန်ခဲ့တဲ့ ၃နှစ် ကကွာရှင်းခွင့်တောင်းခဲ့တယ်။ ကွာရှင်းမပေးတဲ့ အတွက် အရှေ့ပိုင်းခရိုင် တရားရုံးချုပ် ကနေ ကွာရှင်းလိုမှု ကို ဦးတိုက်လျှောက်ခဲ့ပြီး တရား ရင်ဆိုင်လာတာ ဒီနေ့တော့ အမှန်တရားအတိုင်း ပြီးဆုံးသွားခဲ့ပြီ" လို့ မဖြူသီမျိုးလွင်က သူမ ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
အဆိုတော်မိုးမိုးတို့စုံတွဲ ချစ်နေကြပုံများ

ထိုကဲ့သို့ရေးသားထားခြင်းအပေါ် တေးသံရှင် မိုးမိုး မှ သူ၏ ဖေ့စ်ဘုတ် အကောင့်တွင် ယခုလိုပဲပြန်လည်ရေးသားခဲ့ပါတယ်။

" ဒီနေ့ တရားရုံးက အမိန့်ချမှတ်ပါတယ် ကွာရှင်းခွင့်ပေါ့ ကျွန်တော် ဒီအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခါမှ မရေးခဲ့ဖူးပါဘူး သူ့ဘက်က စွဲချက် အကုန် ပယ်ခံရပါတယ်။ စွတ်စွဲချက် တစ်ခုမှ မမြောက် ပါဘူး ။ ဒါပေမယ့် ဆက်ပေါင်းဖို့ လုံးဝမဖြစ်နိုင်တော့တဲ့အတွက် လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းကအမှုကို ရုတ်သိမ်းပြီး လက်မှတ်ထိုးဖို့တောင်းဆိုခဲ့ပါတယ်။”
အဆိုတော်မိုးမိုးတို့စုံတွဲ ချစ်နေကြပုံများ

အဆိုတော်မိုးမိုးတို့စုံတွဲ ချစ်နေကြပုံများ


အိမ်ထောင်ရေးဖောက်ပြန်သည့်ပြစ်မှုကျူးလွန်ခဲ့ခြင်း လုံးဝ မရှိကြောင်းကိုလည်း မိုမိုးမှ တရားဝင်ငြင်းဆိုခဲ့ သလို တရားရုံးကလည်း ယင်းစွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။ ယခုအခါ မိုးမိုးဟာ ဘဝအသစ်မှာ အခြေကျနေပြီဖြစ်တဲ့အပြင် ဘဝလက်တွဲဖော်အသစ်ပါရနေပြီ ဖြစ်ပါတယ်။ လတ်တလော မိုးမိုးကို အနုပညာနဲ့ ပတ်သတ်ပြီး လှုပ်ရှားမှုတွေသိပ်မတွေ့ရတော့ပေမယ့် ဘာသာရေးဘက်ကို ပိုလုပ်ဖြစ်နေပါတယ်။
 
Top