လေယာဉ်မယ်တစ်ဦးကို ရေနွေးပူတွေနဲ့ ပက်လိုက်တဲ့ ခရီးသည်တစ်ဦးနဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။
ဘန်ကောက်မှ တရုတ်ပြည် Nanjing ကို ပျံသန်းမယ့် လေယာဉ်ပေါ်ရှိ တရုတ်ပြည်က အမျိုးသမီးခရီးသည်ဟာ ချစ်သူဘေးမှာ မထိုင်ရတဲ့အတွက် ဆူပူသောင်းကျန်းခဲ့ပြီး လေယာဉ်မယ်ကို ရေနွေးပူနဲ့ ပက်ခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပေါ်ရှိ ခရီးသည်တွေဟာ ဖုန်းတွေထုတ်ပြီး ဒီအဖြစ်အပျက်အားလုံးကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြပြီး လေယာဉ်မယ်လေးကတော့ မျက်နှာကိုလက်နဲ့ကာထားပြီး နာကျင်စွာအော်ဟစ်နေခဲ့တယ်လို့ သိရပါတယ်။
ရလဒ်ကတော့ တရုတ်ပြည်အရှေ့ပိင်းကို မိနစ် ၉၀ စာ ပျံသန်းရမယ့် လေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းပြီး ဘန်ကောက်လေဆိပ်ကို ပြန်လည်ပျံသန်းခဲ့ပြီး အရေးပေါ်လေယာဉ်ဆင်းသက်မှု ပြုလုပ်ခဲ့ရတာပါပဲ။
ဒီအဖြစ်အပျက်ကြောင့် ကမ္ဘာတစ်လွှားက စိတ်ဝင်စားခဲ့ကြပြီး တရုတ်ခရီးသွားတွေကိုတော့ “ လူရိုင်းလူကြမ်းကြီးများ “ လို့ တရုတ်သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
( Michelle )
Ref : DailyMail
 
Top