0












ပေါ့ဘာဟာ မန်ယူအသင်းအတွက် ယူရိုပါလိဂ်ဖလားနဲ့ EFL ဖလားကို အရယူပေးနိုင်ခဲ့တာကို ၀မ်းမြောက်ကြောင်းပြောဆိုခဲ့ပြီး ” ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။တခြားသော သူတွေက ကျွန်တော်တို့ ဒီရာသီမှာ အကောင်းဆုံးမကစားနိုင်ခဲ့ဘူးလို့ ပြောကြပေမဲ့ ကျွန်တော်တို့ ဆုတံဆိပ် ၃ ခုကို အရယူနိုင်ခဲ့ပါတယ်။ဒီနေ့ပွဲစဉ်မှာလည်း ဂိုးသွင်းအပြီးမှာ ကျွန်တော်တို့ ပွဲစဉ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး မန်ယူအသင်းတစ်သင်းလုံးကလည်း ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။” လို့ပြောဆိုခဲ့ပါသေးတယ်။

အသက် ၂၄ နှစ်ရှိသူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တတ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပြီးတဲ့နောက်မှာ မကြာသေးခင်က သေဆုံးသွားခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် သူ့ရဲဖခင်ဖြစ်သူ ဖာဆူ အန်တွိုင်းပေါ့ဘာ (Fassou Antoine)နဲ့ မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့တဲ့ လူ ၂၂ ယောက်နဲ့ ဒဏ်ရာရသူ ၁၁၉ ယောက်အတွက်ရည်စူးပြီး ကောင်းကင်ကို လက်ညှိုးထိုးကာ အောင်ပွဲခံခဲ့ပါတယ်။
မန်ယူအသင်း ယူရိုပါလိဂ် ဖလားကို ရယူအပြီးမှာ ပေါ့ဘာဟာ ဒီအောင်မြင်မှုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့တဲ့ မန်ချက်စတာ မြို့သူမြို့သားတွေအတွက် ရည်စူးကြောင်းပြောဆိုခဲ့ပါတယ်။ပေါ့ဘာဟာ ပွဲချိန် ၁၈ မိနစ်မှာ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး မန်ယူအသင်းဟာ မန်ချက်စတာ ပွဲခင်းအတွင်းမှာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူများနဲ့ ဒဏ်ရာရရှိခဲ့သူများအတွက် ယူရိုပါလိဂ်ဖလားကို အရယူပေးခဲ့ချင်ကြောင်းပေါ့ဘာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

” လန်ဒန်နဲ့ ပဲရစ် မြို့ကြီးများနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာဟာ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ကျွန်တော်တို့တွေ ဒီအကြမ်းဖက်မှုများကို အာရုံစိုက်ထားသင့်ပါတယ်။ဒီနေ့ညမှာလည်း ကျွန်တော်တို့ဟာ မန်ချက်စတာ မြို့အတွက် အနိုင်ယူပေးခဲ့ပါတယ်။မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်မှု သားကောင်များအတွက် ကျွန်တော်တို့ အနိုင်ယူပေးခဲ့တာလည်းဖြစ်ပါတယ်။”  လို့ပြောဆိုခဲ့ပါတယ်။

ပေါ့ဘာဟာ ပွဲချိန် ၁၈ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲချိန် ၄၈ မိနစ်မှာ မီခီတာယန်က ဒုတိယဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ယူအသင်းအတွက် ယူရိုပါလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူခဲ့ပါတယ်။
Ref : The Sun

Post a Comment

 
Top