ပထမဆုံး စစ်သည် ရိက္ခာပိုတင်၍ နိုင်ငံတော် ဘဏ္ဏာ အလွဲသုံးစားမှု 
တရားခံ - ကျန်စစ်သား

ဖြစ်စဉ်မှာ ပဲခူးမြို့မှ ဂျွမ်းစစ်သည်များကို ချီစစ်ဖြင့် သွားရောက်တိုက်ခိုက်ရာတွင်
စစ်သည် လေးယောက်ကို စစ်သည်လေးသိန်း ဟု အထက်ဌာနအား သစ္စာမဲ့စွာ လိမ်ညာထွက်ဆိုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ ......။


ပထမဆုံး တပ်မတော်ပိုင်ယာဉ် ပျက်စီးစေမှု

တရားခံ - ဘုရင့်နောင်

ဖြစ်စဉ်မှာ နောင်ရိုးတိုက်ပွဲအတွင်း တပ်မတော်ပိုင်ဖောင်များကို အထက်အကြီးအကဲ၏ အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိပဲ မိမိသဘောဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ ......။

ပထမဆုံး စစ်စည်းကမ်းမလိုက်နာမှု

တရားခံ - မဟာဗန္ဓုလ

ဖြစ်စဉ်မှာ နိုင်ငံတော်အကြီးအကဲများ သြဝါဒမြွက်ကြားစဉ် တပ်မတော်အရာရှိတစ်ဦး မပြုလုပ်သင့်သော အပြုအမူ
(ဘေးလူအား တံတောင်ဖြင့် ထောင်းခြင်း)
ကို ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ ......။

ပထမဆုံး တရားမဝင် ကလးစစ်သားစုဆောင်းမှု

တရားခံ - သတိုးမင်းဖျား

ဖြစ်စဉ်မှာ အသက်မပြည့်သေးသော ကလေးငယ် မောင်မင်းရဲကျော်စွာကို စစ်သင်တန်းကျောင်း စေလွှတ်ခြင်းဖြင့် နိုင်ငံတကာတွင် တပ်မတော်၏ သိက္ခာကျဆင်းစေကြောင်း စစ်ဆေးတွေ့ရှိရ.....။

(တရားစွဲဆိုချိန်တွင် မင်းရဲကျော်စွာ ကျဆုံးသွားပြီဖြစ်သည်) ....lol
 
Top