တွန်းခြင်းနှင့် ပျိုးထောင်ခြင်း (Pushing Vs Nurturing)
ကလေးတွေအပေါ် ကျွန်တော်တို့ရဲ့ နားလည်မှုကို ပြန်ပြောင်း စဉ်းစားကြည့်ဖို့ အချိန်သင့်နေပါပြီ။ ဘယ်လိုနည်းအားဖြင့် ကလေးတွေဟာ ပျော်ရွှင်တဲ့ အောင်မြင်တဲ့သူတွေ ဖြစ်လာမှာလဲ။ ဖိအားတွေ တိုးတက်များပြားလာတဲ့ ဒီကမ္ဘာကြီးမှာ၊ စာမေးပွဲတွေနဲ့ စာမေးပွဲက ရလဒ်တွေကသာ ကလေးတွေရဲ့ အနာဂတ်ကို ပိုင်စိုးသလိုဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ။ စဉ်းစားချင့်ချိန်ဖို့ အရေးပါတဲ့ အချက်အလက်ကလေးတွေ ကျွန်တော် ပေးပါရစေ။
တွန်းခြင်းနဲ့ ပျိုးထောင်ခြင်းမှာ သိသာတဲ့ခြားနားချက်တစ်ခု
ရှိပါတယ်။ တွန်းခြင်းက လူကြီးတွေရဲ့ လိုအင်တွေအပေါ် အခြေခံတာပါ။
ပျိုးထောင်ခြင်းက ကလေးရဲ့အရည်အချင်း၊ လိုအင်၊ ဆန္ဒအပေါ်မှာ အခြေခံပါတယ်။
တွန်းခြင်းဟာ ကလေးကို တိုင်ပင်နှီးနှောခြင်းမရှိဘဲ ထိန်းချုပ်တာပါ။ ကလေး
ဘာတွေးနေတယ်၊ ကလေး ဘာခံစားတယ် ဆိုတာ ထည့်သွင်းမစဉ်းစားပါ။ လူကြီးဟာ
“သူ့ရဲ့အမှန်”ကို ကလေးအပေါ် မတင်သင့်ပါခင်ဗျာ။ “အမှန်”ကို ကလေးနဲ့
ပူးပေါင်းလုပ်တာကသာ ပိုသင့်လျော်တာပါ။ လူကြီး လက်ဆင့်ကမ်းတဲ့ အကောင်း
အမှန်ကို ဒါမှသာ ကလေးက မြတ်မြတ်နိုးနိုးယူမှာပေါ့။
ကလေး ဘာလုပ်တယ် ဆိုတာကို တကယ် စိတ်ဝင်စားတာနဲ့၊ အထက်စီးက ပြောနေတာဟာ ကွာခြားပါတယ်။ (လူကြီးတွေ ထိန်းချုပ်တာ များပြီဆိုရင် ကလေးက သိတာချည်းပါ။) ကျောင်းမှာ ပညာသင်တာ ဖြစ်စေ၊ ကျောင်းခန်းပြင်ပ ကိစ္စတွေမှာ ဖြစ်စေသင့်တင့်တဲ့အထိ ဖြစ်နိုင်သမျှ ကလေးကို ဆုံးဖြတ်စေရင် လူကြီးတွေအနေနဲ့ ကလေးဘက်က စာနာတယ်၊ သူ့ကို အားပေးတယ်လို့ ကလေးက သိပါတယ်။
ကလေးတွေ အောင်မြင်ဖို့အတွက် သော့ချက်က၊ ကလေးကို လှေကားပေါ် အတင်းတွန်းတင်တာ မဟုတ်ပါ။ ကိုယ်လုပ်သမျှ ကိုယ်နှစ်သက်လျက် ကိုယ့်သဘောနှင့်ကိုယ် လုပ်ကိုင်သူတစ်ယောက် ဖြစ်အောင်လုပ်ခြင်းပါ။ ထိုကလေးဟာ အောင်မြင်ဖို့ လိုအပ်သမျှ လုပ်မည့်သူပါ။
လူကြီးတွေရဲ့ တာဝန်က ကလေးတွေကို သူတို့နှစ်သက်တဲ့ အလုပ်တွေ လုပ်ခွင့်ပြုဖို့ပဲ။ အများကြီး ဝင်မပါနဲ့။ သူတို့ ခင်ဗျားကို လိုအပ်တဲ့အခါမှာ ခင်ဗျား အဲဒီမှာ ရှိပစေ၊ ခင်ဗျားကို သူတို့ မလိုတဲ့အခါ များမတော့ နေရာနဲ့လွတ်လပ်မှုကို သူတို့ကိုပေးလိုက်။
လူကြီးတွေအနေနဲ့ ကလေးတွေ ရင်ဆိုင်တိုက်ခိုက်လိုတဲ့စိတ် မွေးအောင် လွှတ်ပေးရမှာပါ။ ဒါမှသာ စိတ်ကူးထားတာထက် ပိုမြင့်တဲ့ အမြင့်တွေကို သူတို့ရောက်မှာ၊ လုပ်ရတာ ပျော်စရာလည်း ဖြစ်မှာပါ။
ကလေးတွေကို ကလေးတွေသာဖြစ်ပါစေ။ အရွယ်မတိုင်ခင် လူကြီးဘဝထဲ ဖိတွန်း မပို့နဲ့။
ကလေးတွေကို အတင်းတွန်းခြင်းဟာ ပစ္စုပ္ပန်နဲ့ အနာဂတ်က၊ ကလေးတို့ရဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုအတွက် အကြီးဆုံး အတားအဆီး ဖြစ်ပါတယ်။
ကျောင်းနဲ့ ကောလိပ်က အမှတ်တွေဟာ ဘဝအောင်မြင်ရေးအတွက် မှန်ကန်တဲ့ ဟောကိန်းတွေ မဟုတ်။ အဖြစ်ဘက်မြင်တတ်တဲ့ သဘောထားကတော့ ဟုတ်တယ်။ အဖြစ်ဘက်မြင်နိုင်ဖို့မှာ အောက်ပါ ဂုဏ်အင်္ဂါများ ရှိမှသာရပါတယ်။ ကိုယ့်အကြောင်းကိုယ် သတိထားရှိ သိခြင်း၊ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် လုပ်ဆောင်ခြင်း၊ ဇွဲရှိခြင်း၊ ခံစားမှုကြောင့် စိတ်ယောက်ယက်မခတ်ဘဲ တည်ကြည်ခြင်း၊ သွားလိုရာ ပန်းတိုင်သတ်မှတ်နိုင်ခြင်း၊ လျောက်ပတ်သော အကူအညီများကို ရယူ အသုံးချနိုင်ခြင်း တို့ ဖြစ်ပါတယ်။
ကလေးတို့ ကြုံရတဲ့ပြဿနာအများစုဟာ ကျောင်းစာပြဿနာ မဟုတ်ပါ။ ဘဝပြဿနာများက “ကျောင်းစာ အခက်အခဲ အယောင်ဆောင်” ခြင်းများသာ ဖြစ်ပါတယ်။ လူကြီးများက အခြေခံလိုအပ်ချက်များကို ဂရုတစိုက်ဖြည့်ဆည်းပေးသောအခါ ကလေးတို့ ကျော်နင်း လွန်မြောက်သွားလေ့ ရှိစမြဲပါ။

သောကြာနေ့တစ်ရက်ပေါ့။ ပျော်နေတဲ့ ဆရာတစ်ယောက်က ကျောင်းသားတွေကို “ကလေးတို့ ဒီနေ့ မင်းတို့ကို သတင်းကောင်း ပြောစရာ ရှိတယ်။ ဒီကျောင်းပိတ်ရက်မှာ အိမ်စာမပေးဘူး။ မိသားစုနဲ့ မင်းတို့ ကြိုက်သလိုသာ နေပေတော့၊ ကိုယ်ကြိုက်တာ လုပ်ပေါ့။ ကျောင်းစာတွေ မေ့ထားဟေ့” လို့ ကြေညာလိုက်တယ်။
ကလေးတွေက ဘာပြန်ပြောတယ် အောက်မေ့သလဲ။ “ဒါပေတဲ့ တီချာ ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။ စန္ဒယားသင်ခန်းစာ၊ ရေကူးသင်ခန်းစာ၊ ဘောလုံး သင်တန်း၊ ပန်းချီသင်တန်း၊ သင်္ချာကျူရှင်၊ သိပ္ပံကျူရှင်တွေ လုပ်ရအုံးမှာပါ။” ကလေးတွေ လုပ်ရမယ့်စာရင်းက ဆုံးပဲ မဆုံးနိုင်ဘူး။
တိုးတက်ယောင်
မိဘတွေ ဆိုတာကတော့ သူတို့သားသမီးတွေအတွက် ယခုရော နောင်အနာဂတ်အတွက်ပါ အကောင်းဆုံးကို လိုချင်ကြတယ်။ ဒါပေတဲ့ သူတို့ ရည်ရွယ်ထားတာကို သေသေချာချာ မဆန်းစစ်ကြတာက များတယ်။ ကလေးတွေကို ကျောင်းစာတွေနဲ့ ကျောင်းစာ မဟုတ်တဲ့ အပြင်သင်ခန်းစာတွေကို အတင်းသင်ပေးဖို့ ကြိုးစားကြရင်းနဲ့ ကလေးတွေခမျာ ဘာသာဘာဝ “ကလေးဘဝ” မရကြတော့တာကို မကြာခဏ တွေ့နေရတယ်။
မပြင်မဆင် ဖြစ်မှာ စိုးလို့ အနာဂတ်အတွက် အသင့်မဖြစ်မှာ စိုးလို့ စိုးကြောက်နေကြတာနဲ့ ကလေးတွေကို ကောင်းနိုးရာရာ တပ်ဆင်ပေးဖို့ လုပ်ကြတယ်။ ဒါပေတဲ့ မိဘတွေက “တွန်း”ကြလို့ ကလေးတွေ တကယ်တမ်း ရသွားပါသလား။
ကလေးတွေမှာတော့ ကြားညပ်သွားတယ်။ မိဘတွေ၊ ဆရာတွေနဲ့ တခြားလူကြီးတွေ သဘောကျ လုပ်ပေးချင်တဲ့စိတ်နဲ့၊ “သူတို့ဟာ သူတို့ပဲ ဖြစ်ချင်တဲ့စိတ်”၊ “သူတို့ ကြိုက်တာကိုပဲ သူတို့လုပ်ချင်တဲ့စိတ်” နှစ်ခုကြားမှာ ကလေးတွေ ကြားညပ်သွားတာပါ။ အသိအမှတ်ပြုခံချင်တဲ့ လိုအင်က ကလေးတိုင်းမှာ တော်တော် အားကောင်းတဲ့ လှုံ့ဆော်မှု ဆိုတော့ လူကြီးတွေ တောင်းဆိုတာကို ကလေးခမျာ လိုက်လျောရှာတာပါပဲ။ ကလေးရဲ့ ဖွံ့ဖြိုးမှုကျတော့ အမှန်တကယ် ဖွံ့ဖြိုးမှု မဟုတ်တဲ့ ဖွံ့ဖြိုးမှုယောင်၊ ဖွံ့ဖြိုးမှုအတု (pseudo development) ပဲ ရတယ်။ ဒါနဲ့ပဲ အပြစ်စင်ပြီး ပျော်ပျော်ရွှင်ရွှင် နေချင်တဲ့ ကလေးခန္ဓာကိုယ်ထဲကို လူကြီးတွေရဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတ ထည့်ထားတဲ့ သတ္တဝါလေးတွေ ရလာတယ်။
ကလေးတိုင်းတော့ မဟုတ်ဘူး။ မိဘ၊ ဆရာ၊ လူကြီးတွေရဲ့ လိုအင်တွေ မျှော်လင့်ချက်တွေကို မလိုက်လျောနိုင်တဲ့ ကလေးတွေလည်း ရှိတယ်။ သူတို့ကိုတော့ အပြုအမူဆိုင်ရာ၊ စိတ်ဓာတ်ဆိုင်ရာမှာ လိုတဲ့ လွဲတဲ့ ကလေးတွေလို့ အမည်တပ်လိုက်ကြတယ်။ လူကြီးတွေဖြစ်တဲ့ ကျွန်တော်တို့ သိဖို့လိုတာက “ကလေး”ရဲ့ နေရာ၊ “ကလေး” ဆိုတဲ့ ကာလ၊ ကလေးတွေက ကလေးဖြစ်ခြင်းကို တောင့်တကြတယ် ဆိုတာပဲ။
လူကြီးတွေက နေရာတကာမှာ သူတို့နဲ့ တူတဲ့ ကလေးတွေကိုမှ မျက်နှာသာပေးနေသရွေ့၊ အဲသလို ကလေးတွေကိုမှ ကျေနပ်နေသရွေ့ကတော့ ဖြစ်နိုင်ချေ မရှိလှပါဘူး။ ကျွန်တော်တို့ မကြာခဏ ကြားနေကြရတာက “အဖေ့ကို ကြည့်ထား၊ အဖေ့လို ဖြစ်အောင်လုပ်။” မိဘတွေဟာ ကလေးတွေလည်းပဲ သူတို့ဘာသာဘာဝ ဖြစ်ချင်ရှာလိမ့်မယ်လို့ လက်မခံနိုင်ကြ၊ မျှော်လင့်မထားကြပဲကိုး။
ဖိစီးမှုတွေ
ဒေါက်တာ ဂျိမ်းစ်ပရက်စကော့ အပြောအရတော့ (ပရက်စကော့ဟာ ကလေးကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား ဌာနက ကျန်းမာရေးသိပ္ပံပညာရှင်ပါ။) အမေရိကမှာ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်အတွင်း အသက် ၅ နှစ်က ၁၄နှစ် ကလေးတွေမှာ ကိုယ်ကိုယ့်ကိုယ် သတ်သေမှုနှုန်း နှစ်ဆတိုးသတဲ့။
ဖိစီးမှုတွေ ရှိလို့ပဲ။ ဖိစီးမှု ကြီးကြီးမားမားတွေကတော့ ကျောင်းစာ သိပ်များတာ၊ ကလေးတွေအနေနဲ့ လိုက်နိုင်ဖို့ ကြိုးစားရတာ မိဘတွေရဲ့ အောင်မြင်လိုစိတ်နဲ့ ဖိအားပေးခံရတာတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ တစ်ကမ္ဘာလုံးက ကလေးတွေအပေါ်မှာ သက်ရောက်နေပါတယ်။ တိုင်းပြည်တိုင်းဆွေးနွေးရတဲ့ ကိစ္စတွေ ဖြစ်နေပါပြီ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေ ဖွဲ့စည်းတည်ဆောက်ဖို့ ပညာရေးကို လျော်ကန်တဲ့ လက်နက်ကိရိယာအဖြစ် တန်ဖိုးထားတဲ့ နိုင်ငံတိုင်းမှာပါ။
အောက်ပါ မေးခွန်းနှစ်ခုကို တဆိတ် ဆင်ခြင်ကြည့်စမ်းပါ။
သား/သမီး ဘာအဆင့်ရသလဲ။ ဒီနေ့ ဘာသင်ခဲ့သလဲ။ ပထမမေးခွန်းကို မိဘနဲ့ဆရာတွေ ကလေးကို မေးလေ့ရှိပါတယ်။ ကလေးရဲ့ အဆင့်နဲ့ အမှတ်ကို ပညာသင်မှု (learning) ထက် ပိုပြီးစိတ်ဝင်စားတဲ့သဘောပါ။
ဒုတိယမေးခွန်းကိုလည်း ရံဖန်ရံခါ မေးလေ့ရှိပါတယ်။ ဒီမေးခွန်းကတော့ ပညာရေး၊ အောင်မြင်ရေးနဲ့ လူ့ဘဝနေရေးအတွက် ပိုပြီး အမြော်အမြင်ရှိတဲ့ မေးခွန်း ဖြစ်ပါတယ်။ အဆင့်နဲ့ အမှတ်ကို ပိုအရေးကြီးတဲ့ မိဘတွေဟာ ကလေးအနေနဲ့ ပညာသင်မှုကို တလွဲတွေးအောင် ဖန်တီးပေးနေတာပါ။ အမှတ်နဲ့အဆင့်ကိုပဲ ကြည့်ဖို့ တိုက်တွန်းခံရတဲ့ ကလေးတွေဟာ ပညာသင်ခြင်းဆိုတာ အစွမ်းပြခြင်း (performance) လို့သာ ယူဆကြမှာပေါ့။ ပညာရရေးအတွက်ပဲ ပညာသင်နေတာ (learning for the sake of learning) လို့ ဘယ်သိတော့မလဲ။
တွန်းခြင်းနှင့် ပျိုးထောင်ခြင်း (Pushing Vs Nurturing)
ကလေးတွေအပေါ် ကျွန်တော်တို့ရဲ့ နားလည်မှုကို ပြန်ပြောင်း စဉ်းစားကြည့်ဖို့ အချိန်သင့်နေပါပြီ။ ဘယ်လိုနည်းအားဖြင့် ကလေးတွေဟာ ပျော်ရွှင်တဲ့ အောင်မြင်တဲ့သူတွေ ဖြစ်လာမှာလဲ။ ဖိအားတွေ တိုးတက်များပြားလာတဲ့ ဒီကမ္ဘာကြီးမှာ၊ စာမေးပွဲတွေနဲ့ စာမေးပွဲက ရလဒ်တွေကသာ ကလေးတွေရဲ့ အနာဂတ်ကို ပိုင်စိုးသလိုဖြစ်နေတဲ့ ဒီကမ္ဘာကြီးမှာ။ စဉ်းစားချင့်ချိန်ဖို့ အရေးပါတဲ့ အချက်အလက်ကလေးတွေ ကျွန်တော် ပေးပါရစေ။
တွန်းခြင်းနဲ့ ပျိုးထောင်ခြင်းမှာ သိသာတဲ့ခြားနားချက်တစ်ခု ရှိပါတယ်။ တွန်းခြင်းက လူကြီးတွေရဲ့ လိုအင်တွေအပေါ် အခြေခံတာပါ။ ပျိုးထောင်ခြင်းက ကလေးရဲ့အရည်အချင်း၊ လိုအင်၊ ဆန္ဒအပေါ်မှာ အခြေခံပါတယ်။
တွန်းခြင်းဟာ ကလေးကို တိုင်ပင်နှီးနှောခြင်းမရှိဘဲ ထိန်းချုပ်တာပါ။ ကလေး ဘာတွေးနေတယ်၊ ကလေး ဘာခံစားတယ် ဆိုတာ ထည့်သွင်းမစဉ်းစားပါ။ လူကြီးဟာ “သူ့ရဲ့အမှန်”ကို ကလေးအပေါ် မတင်သင့်ပါခင်ဗျာ။ “အမှန်”ကို ကလေးနဲ့ ပူးပေါင်းလုပ်တာကသာ ပိုသင့်လျော်တာပါ။ လူကြီး လက်ဆင့်ကမ်းတဲ့ အကောင်း အမှန်ကို ဒါမှသာ ကလေးက မြတ်မြတ်နိုးနိုးယူမှာပေါ့။
ကလေး ဘာလုပ်တယ် ဆိုတာကို တကယ် စိတ်ဝင်စားတာနဲ့၊ အထက်စီးက ပြောနေတာဟာ ကွာခြားပါတယ်။ (လူကြီးတွေ ထိန်းချုပ်တာ များပြီဆိုရင် ကလေးက သိတာချည်းပါ။) ကျောင်းမှာ ပညာသင်တာ ဖြစ်စေ၊ ကျောင်းခန်းပြင်ပ ကိစ္စတွေမှာ ဖြစ်စေသင့်တင့်တဲ့အထိ ဖြစ်နိုင်သမျှ ကလေးကို ဆုံးဖြတ်စေရင် လူကြီးတွေအနေနဲ့ ကလေးဘက်က စာနာတယ်၊ သူ့ကို အားပေးတယ်လို့ ကလေးက သိပါတယ်။
ကလေးတွေ အောင်မြင်ဖို့အတွက် သော့ချက်က၊ ကလေးကို လှေကားပေါ် အတင်းတွန်းတင်တာ မဟုတ်ပါ။ ကိုယ်လုပ်သမျှ ကိုယ်နှစ်သက်လျက် ကိုယ့်သဘောနှင့်ကိုယ် လုပ်ကိုင်သူတစ်ယောက် ဖြစ်အောင်လုပ်ခြင်းပါ။ ထိုကလေးဟာ အောင်မြင်ဖို့ လိုအပ်သမျှ လုပ်မည့်သူပါ။
လူကြီးတွေရဲ့ တာဝန်က ကလေးတွေကို သူတို့နှစ်သက်တဲ့ အလုပ်တွေ လုပ်ခွင့်ပြုဖို့ပဲ။ အများကြီး ဝင်မပါနဲ့။ သူတို့ ခင်ဗျားကို လိုအပ်တဲ့အခါမှာ ခင်ဗျား အဲဒီမှာ ရှိပစေ၊ ခင်ဗျားကို သူတို့ မလိုတဲ့အခါ များမတော့ နေရာနဲ့လွတ်လပ်မှုကို သူတို့ကိုပေးလိုက်။
လူကြီးတွေအနေနဲ့ ကလေးတွေ ရင်ဆိုင်တိုက်ခိုက်လိုတဲ့စိတ် မွေးအောင် လွှတ်ပေးရမှာပါ။ ဒါမှသာ စိတ်ကူးထားတာထက် ပိုမြင့်တဲ့ အမြင့်တွေကို သူတို့ရောက်မှာ၊ လုပ်ရတာ ပျော်စရာလည်း ဖြစ်မှာပါ။
ကလေးတွေကို ကလေးတွေသာဖြစ်ပါစေ။ အရွယ်မတိုင်ခင် လူကြီးဘဝထဲ ဖိတွန်း မပို့နဲ့။
ကလေးတွေကို အတင်းတွန်းခြင်းဟာ ပစ္စုပ္ပန်နဲ့ အနာဂတ်က၊ ကလေးတို့ရဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုအတွက် အကြီးဆုံး အတားအဆီး ဖြစ်ပါတယ်။
ကျောင်းနဲ့ ကောလိပ်က အမှတ်တွေဟာ ဘဝအောင်မြင်ရေးအတွက် မှန်ကန်တဲ့ ဟောကိန်းတွေ မဟုတ်။ အဖြစ်ဘက်မြင်တတ်တဲ့ သဘောထားကတော့ ဟုတ်တယ်။ အဖြစ်ဘက်မြင်နိုင်ဖို့မှာ အောက်ပါ ဂုဏ်အင်္ဂါများ ရှိမှသာရပါတယ်။ ကိုယ့်အကြောင်းကိုယ် သတိထားရှိ သိခြင်း၊ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် လုပ်ဆောင်ခြင်း၊ ဇွဲရှိခြင်း၊ ခံစားမှုကြောင့် စိတ်ယောက်ယက်မခတ်ဘဲ တည်ကြည်ခြင်း၊ သွားလိုရာ ပန်းတိုင်သတ်မှတ်နိုင်ခြင်း၊ လျောက်ပတ်သော အကူအညီများကို ရယူ အသုံးချနိုင်ခြင်းတို့ ဖြစ်ပါတယ်။
ကလေးတို့ ကြုံရတဲ့ပြဿနာအများစုဟာ ကျောင်းစာပြဿနာ မဟုတ်ပါ။ ဘဝပြဿနာများက “ကျောင်းစာ အခက်အခဲ အယောင်ဆောင်” ခြင်းများသာ ဖြစ်ပါတယ်။ လူကြီးများက အခြေခံလိုအပ်ချက်များကို ဂရုတစိုက်ဖြည့်ဆည်းပေးသောအခါ ကလေးတို့ ကျော်နင်း လွန်မြောက်သွားလေ့ ရှိစမြဲပါ။
မှားပြီးသောအခါ
အလွန်အကျွံတွန်းသော မိဘနှင့် ဆရာတို့ကြောင့် ကလေးတို့အပေါ် ထိခိုက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ၌ဖြစ်ကာ၊ များသောအားဖြင့် လွယ်လွယ်နှင့် ပြန်မကောင်းပါ။
ကလေးတွေအား ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာစေနိုင်ပါတယ်။ အမုန်းစိတ်က ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ထွက်လာတတ်ပါတယ်။ ဝမ်းနည်းစရာကောင်းသော အချက်တစ်ချက်မှာ ထိုတွန်းသော ဆရာ၊ မိဘများကိုယ်တိုင်ကပင် ကလေးတို့အား အပြစ်ပေးခြင်း ဖြစ်ပါတယ်။ တကယ်တော့ သူတို့၌သာ အပြစ်ရှိပါတယ်။ လူကြီးများက ထိန်းချုပ်လွန်းပြီး ကလေးတို့အား ကလေးပါပဲကလားဟု မသိမှတ်ပါက၊ ကိုယ့်ဆီကို မြားဦးပြန်လှည့်သော အနုတ်လက္ခဏာအကျိုးများ (negative-boomerang-effect) ကို ပညာသင်ရာ၌ဖြစ်စေ၊ ဘဝ၏ အခြားသော နေရာများ၌ဖြစ်စေ ကြုံကြရမှာ သေချာသလောက်ပါ။
ဒေါက်တာ အက်ဒဝပ်ရွိုင်း ကရစ်ရှနန်
(စိတ်ပညာကထိက၊ အမေရိကန်စိတ်ပညာအသင်းဝင်၊ How to Become a Caring Teacher and Engaging Teaching Methods စာအုပ်ရေးသူ ဖြစ်ပါတယ်။)
(ကိုတာ မြန်မာပြန်)

Post a Comment