0
 
 
ဒီမြွေတွေဟာ( Blind snakes)မြွေမျက်ကန်း များဖြစ်ပြီး ..မြွေမျက်ကန်းတွေအများကြီးရှိတဲ့အထဲမှာမှ သူ့ကို(Brahminy)လို့ခေါ်ကြပါတယ်။ဒီမြွေတွေဟာ မျက်လုံးပါပြီး မျက်စိမမြင်ရပါ။

ဒီမြွေတွေဟာ နေရာအနှံ့အပြားမှာ မြင်တွေ့နိုင်သလို မြေဆွေး မြေမွတွေအထဲ၌ နေထိုင်ပြီး သစ်ရွက်တွေပေါ်၌လည်း သွားလာတတ်ပါတယ်။

(It is a myth that these snakes are venomous and deadly)

ဒီမြွေနဲ့ပတ်သက်လို့ လူအတော်များများက အဆိပ်ပြင်းတယ် အကိုက်ခံလိုက်ရရင် လူကိုသေစေနိုင်တယ်ဆိုပြီး ယုံမှတ်ထားကြတယ်။

(Brahminy Blind Snake – non venomous)

တကယ်တော့ ဒီမြွေမျိုးအစားဟာ အဆိပ်မရှိပါ..အဆိပ်မပြင်းပါ။

(Brahminy Blind snakes are parthenogetic – can spawn young without males)

ထူးခြားတာက (Brahminy Blind snakes)လို့ခေါ်တဲ့ ဒီလိုမျက်ကန်း မြွေတွေဟာ အဖိုမရှိပဲ အကောင်ပေါက်နိုင်ပါတယ်။လိင်ဆက်ဆံပြီး မိတ်လိုက်ပြီးမှ သန္ဓေတည် အကောင်ပေါက်ခြင်း မဟုတ်ပါ။

ဒါ့ကြောင့် မိဘပြည်သူများအနေဖြင့် ဒီမြွေမျိုးတွေ့ရှိပါက မသတ်ပါနဲ့...လုံးဝ လုံးဝ အဆိပ်မရှိပါ။

Post a Comment

 
Top