The World's Most Dangerous Motorbikes Racing



 Isle of Man Tourist Trophy လို့ခေါ်တဲ့မော်တော်ဆိုင်ကယ်ပြိုင်ပွဲပါ။
ဗြိတိန်နဲ့အိုင်ယာလန်ကြားမှာရှိတဲ့ Isle of Man ဆိုတဲ့ကျွန်းလေးပေါ်မှာနှစ်တိုင်း လုပ်ပါတယ်။ 1907 ခုနှစ်ကစပြီးနှစ်တိုင်းကျင်းပခဲ့တာအခုဆိုရင်နှစ်ပေါင်း 106 နှစ် ရှိပါပြီး။ကျွန်းပေါ်မှာရှိတဲ့ နှစ်လမ်းသွားလမ်းမလေးကိုပိတ်ပြီးပြိုင်ကြတာပါ။စက်ဝိုင်းပုံ race track ဟာအစကနေအဆုံးထိ 37.73 မိုင်ရှိပါတယ်၊စုစုပေါင်း 6ပတ်ပြိုင်ရပါတယ်၊ 37.73 မိုင်ရှည်တဲ့ပြိုင်လမ်းဟာကျွန်းပေါ်မှာနေတဲ့လူတွေသုံးတဲ့ ရိုးရိုးပေတရာလမ်းမလေးပါ။  ပင်လယ်ရေပြင်ထက်မြင့်တဲ့တောင်ပေါ်လမ်းနေရာတွေရှိသလို ကုန်းဆင်းတွေလည်း ရှိပါတယ်။  

 နှစ်တစ်နှစ်ရဲ့ May လနောက်ဆုံးအပတ်နဲ့ June ပထမဆုံးအပတ်တွေမှာ ပြိုင်ရပါတယ်။ Mayလနောက်ဆုံးအပတ်ကို practice လေ့ကျင့်တဲ့ရက်သတ္တပတ်အဖြစ်သတ်မှတ်ပြီး June ပထမဆုံးအပတ်ကိုတော့ပြိုင်ပွဲကျင်းပပါတယ်။ပြိင်ပွဲအမျိုးအစားကတော့ Time-trial လို့ခေါ်တဲ့အချိန်နဲ့ပြိုင်ရတာပါ။ ဆိုင်ကယ်တစ်စီးနဲ့တစ်စီးမိနစ်အနည်းငယ်စီခွာပြီးတာလွှတ်လေ့ရှိပါတယ်။စုစုပေါင်6းပတ်ပြိုင်ရပြီး အချိန်အနည်းဆုံးမောင်းနိုင်တဲ့လူကနိုင်ပါတယ်။
ပြိုင်ပွဲဝင်ဆိုင်ကယ်အမျိုးအစားကိုအဓိကအားဖြင့် 5မျိုးခွဲထားပါတယ်။
Senior,Superbike,Superstock,Supersport နဲ့ Lightweight အမျိုးအစားတွေပါ။600cc Sidecar
ပြိုင်ပွဲလည်းပါ ပါတယ်၊နှစ်ယောက်တွဲစီးရတာပါ။Senior,Superbike,Superstock ကCylinder လေးလုံးထိုး Engine power 1000cc ဆိုင်ကယ်တွေပါ။ Twin Cylinder ကို‌တော့ 1200cc အထိသက်‌မှတ်‌‌ပေးထားပါတယ်‌။ Ducati Superbike 1198R, Panigale R ‌တွေနဲ့ဝင်‌ပြိုင်‌တဲ့လူ‌တွေလည်းရှိပါတယ်‌။ Superbike ပြိုင်‌ပွဲကအမြင့်‌ဆုံးပါ။ မြင်း‌ကောင်‌‌ရေ 220 HP 230 HP အထိထွက်‌ ‌အောင်‌ Modification လုပ်‌ခွင့်‌ရှိပါတယ်‌။ Senior က‌တော့ Superbike ထက်‌နိမ့်‌ပြီး မြင်း‌ကောင်‌‌ရေ 200 HP အထိထွက်‌ကြပါတယ်‌။ Superstock က‌တော့ ‌ဈေးကွက်‌ဖြန့်‌ Superbike 4 Cylinder 1000cc သို့ Twin Cylinder 1200cc ‌တွေကို အနည်းငယ်‌ပဲ Modified ခွင့်‌ရှိပါတယ်‌။ အများစုက‌တော့ BMW S1000RR ကိုပဲ‌ရွေးချယ်‌ကြတာများပါတယ်‌။ S1000RR က Stock မှာကတည်းက 193 HP ထွက်‌‌နေ‌တော့ မဟာအားသာချက်‌ကြီးလိုဖြစ်‌‌နေတာ‌ပေါ့။့ Supersport က လေးလုံးထိုး 600cc ပါ(HONDA CBR600RR နဲ့ YAMAHA R6 တို့လိုဆိုင်ကယ်တွေပေါ့)။ Supersport မှာ 3 Cylinder အတွက်‌ 675cc ကိုခွင့်‌ပြု‌ပေးထားပါတယ်‌။ Triumph ရဲ့ Daytona 675 ‌တွေဝင်‌ပြိုင်‌ခွင့်‌ရသွားတာ‌ပေါ့။Lightweight က twin cylinder 650cc ပါ(ဥပမာ KAWASAKI NINJA 650R, Suzuki SV650, CFmoto 650R)Sidecar ကတော့ 600cc ပါ။ အခု‌နောက်‌ပိုင်းမှာ‌တော့ ဘက်‌ထရီနဲ့‌မောင်း‌ရတဲ့ Electric Bike နဲ့ Classic 250cc ပြိုင်‌ပွဲ‌တွေ ထပ်‌တိုးလာပါတယ်‌။


ပြိုင်ပွဲအများဆုံးနိုင်တဲ့စံချိန်တင်ထားတဲ့သူကတော့
Joey Dunlop(Michael Dunlop ရဲ့အဘိုး)ဖြစ်ပြီး 26ပွဲနိုင်ထားပါတယ်။ဒုတိယကတော့
အခုလက်ရှိ Champion John McGuinness ဖြစ်ပြီး ပွဲ20နိုင်ထားပါတယ်။အမြန်ဆုံးစံချိန်လည်း
John McGuinness ပဲတင်ထားတာပါ၊37.73 မိုင်ပြိုင်လမ်းကို 17:03 မိနစ်နဲ့အမြန်ဆုံးစံချိန်
တင်ထားပြီး ပျှမ်းမျှအမြန်နှုန်းက213.5 km/h ပါ။
အန္တရာယ်များရခြင်းအကြောင်းအရင်းကပြိုင်ပွဲလမ်းမ ဟာMoto GP
လိုsafetyဖြစ်အောင်အထူးပြုလုပ်ထားတာမဟုတ်ပါဘူး။မြို့လေးထဲကရိုးရိုးလမ်းမလေးမှာ
ပြိုင်ရတာကြောင့်ပါ။နှစ်လမ်းသွားကျဉ်းမြောင်းတဲ့လမ်းလေးဟာ အကွေ့ပေါင်း 264 ကွေ့ရှိပြီး လမ်းဘေးမှာလည်းကျောက်နံရံတွေခြံစည်းရိုးတိုင်တွေဓာတ်တိုင်နဲ့တယ်လီဖုန်းတိုင်တွေ
ပြည့်နှက်နေတာပါ။အဲ့လောက်အန္တာရယ်များတဲ့လမ်းလေးမှာမောင်းတဲ့အမြန်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ 320ကျော်၊တစ်နာရီ မိုင်200ကျော်ရှိပါတယ်။ Full Throttle ပါ၊ဆိုင်ကယ်ကို လီဗာအဆုံးတင်ပြီးမောင်းကြတာပါ။ဆိုင်ကယ်သမားတွေလည်းအသကုန်မောင်းကြသလို၊
ကြည့်တဲ့ပရိတ်သတ်ကလည်းအသက်စွန့်ပြီးကြည့်ကြတာပါ။ပြိုင်ပွဲရာသီရောက်ရင်
တစ်ကမ္ဘာလုံးကဆိုင်ကယ်သမားတွေဆိုင်ကယ်ချစ်သူတွေလာကြည့်ကြပါတယ်။
ဗြိတိန်နဲ့အိုင်ယာလန်ကပရိတ်သတ်တွေကတော့သူတို့ဆိုင်ကယ်တွေကို
ဇက်ကြီးနဲ့တင်လာပြီးကို ကြည့်ကြတာပါ။

ပြိုင်ပွဲမစခင် Sunday တစ်ရက်ကို Mad Sunday လို့သတ်မှတ်ပြီး
ပြိုင်ပွဲလမ်းကြောင်းကိုလုံးဝပိတ် တစ်လမ်းသွားသတ်မှတ်ပြီး လာကြည့်တဲ့ပရိတ်
သတ်တွေ ဆိုင်ကယ်ချစ်သူတွေကိုစိတ်ကြိုက်မောင်းခွင့်ပေးပါတယ်။သတ်မှတ်
ထားတဲ့ Sportbike(ပြိုင်ဆိုင်ကယ်ဖြစ်ရမယ်) Safety Equipment (Helmet,
Racing Jecket,Racing Boots,Gloves )တွေဝတ်ပြီးမှမောင်းခွင့်ပေးပါတယ်။
တစ်နှစ်မှတစ်ခါလုပ်တဲ့ Mad Sunday ကိုစောင့်နေတဲ့ကမ္ဘာအရပ်ရပ်ကဆိုင်ကယ်
သမားတွေအများကြီးပါ။ပြီးရင်တော့ပြိုင်ပွဲစပါပြီး၊တစ်နာရီမိုင် 200လောက်မောင်း
နေတဲ့ဆိုင်ကယ်တွေကိုလမ်းမဘေးလေးကနေကပ်ပြီးကြည့်ကြတာပါ။မတော်တဆ
ဖြစ်လို့ဆိုင်ကယ် crash ဖြစ်တဲ့အခါပရိတ်သတ်တွေလည်းထိပါတယ်။တစ်ချို့
အသက်ပါသေဆုံးတဲ့သူတွေရှိပါတယ်။ 1907 ခုနှစ်ကနေ 2013 ထိ နှစ်ပေါင်း106
နှစ်အတွင်းသေဆုံးသူပေါင်း ဆိုင်ကယ်သမားရော ပရိတ်သတ်ပါ အပါအဝင်အားလုံး
240 ရှိပါတယ်။

2013 ခုနှစ်က Sidecar သမားအဖိုးကြီးနှစ်ယောက် Accident မှာသေ
ဆုံးသွားပါတယ်။မောင်းတဲ့သူရောဘေးက passenger ရော နှစ်ယောက်လုံးပါ၊
Practice လုပ်ရင်းဖြစ်သွားတာပါ။ဒါတောင်တကယ့်ပြိုင်ပွဲမဟုတ်သေးပါဘူး၊အဖိုး
ကြီးနှစ်ယောက်ကလည်းဟိုးငယ်ငယ်လေးထဲကပြိုင်လာတဲ့ဝါရင့်ကြီးတွေပါ။ပရိတ်
သတ်တွေထိတာလည်းမနှစ်ကအများဆုံးပါ၊ဆိုင်ကယ်ကပရိတ်သတ်တွေဆီကိုလွင့်
ထွက်လာပြီးမှန်တာပါ၊ပရိတ်သတ်အားလုံး 11ယောက်နဲ့ဆိုင်ကယ်သမားပါဆေးရုံ
တင်လိုက်ရပါတယ်၊တစ်ယောက်မှတော့မသေပါဘူး။ပြိုင်လမ်းမဘေးမှာလည်းသေ
ဆုံးသွားတဲ့သူတွေရဲ့အထိမ်းအမှတ် မှတ်တိုင်လေးတွေအများကြီးပါ။ပြိုင်ပွဲဆုကြေး
ငွေကမဖြစ်စလောက်လေးပါ၊ Isle of Man မြို့ကပေးတာအမြင့်ဆုံး Senior တန်း
မှာပထမဆုမှ ပေါင်ငွေ 20000 လောက်လေးရတာပါ။ဆုကြေးပေးပုံကဆန်းပါတယ်
ပထမ lap မှာ ပထမနေရာကပန်းဝင်သွားရင် ပေါင် 500၊ဒုတိယ lap မှာလည်း
ပထမနေရာကဝင်ရင် ပေါင် 650၊အဲ့လိုနဲ့တိုးပေးသွားတာပါ။


ဒါပေမယ့်ဆိုင်ကယ်သမားတွေကိုသူတို့ Team တွေကပေးတာ
ကြောက်စရာကောင်းပါတယ်။ပေါင်ငွေသန်းချီ ‌ပေးကြတာပါ။ ဥပမာ
CBR1000RR စီးတဲ့John McGuinness ကိုသူ့ရဲ့ HONDA Team ကလစာပေးရ
ပါတယ်။ Guy Martin ကိုတော့ SUZUKI ကပေးရတာပေါ့။အခြား Sponser တွေက
ပေးတာရှိပါသေးတယ်။ Privateer ‌ခေါ် ကိုယ့်‌စားရိတ်‌ကိုယ့်‌ဘာသာ ကုန်‌ကျခံပြီးဝင်‌ပြိုင်‌ကြတဲ့
ဆိုင်‌ကယ်‌သမား‌တွေလည်း‌အများအပြားရှိကြပါတယ်‌။ ဒါ‌ပေမယ့်‌ Facilities ‌တွေအပြည့်‌အဝ
‌ထောက်‌ပံ့‌ပေးထားတဲ့ Team Riders ‌တွေကို‌တော့ မယှဉ်‌နိုင်‌ဘူး‌ပေါ့။ Team Riders ‌တွေကလည်း
ပါးနပ်‌ကြပါတယ်‌။ ဥပမာ Michael Dunlop ဆိုရင်‌ Senior, Superbike, Superstock ‌တွေအပြင်‌
Supersport ပါ ဝင်‌ပြိုင်‌ပါတယ်‌။ TT Rules ‌တွေနဲ့အညီ ဝင်‌ပြိုင်‌လို့ရတဲ့ပွဲမှန်‌သမျှဝင်‌ပြိုင်‌တဲ့သ‌ဘော‌ပေါ့။
လက်‌ရှိပြိုင်‌‌နေကြတဲ့ 37.73 မိုင်‌ရှည်‌တဲ့ Mountain Course ‌တောင်‌‌ပေါ်ပတ်‌လမ်း‌လေးဟာလည်း ၈နှစ်‌
‌လောက်‌လမ်း‌ကြောင်းမ‌ပြောင်းလဲခဲ့တာ‌ကြောင့်‌ လမ်း‌တွေကို ပြိုင်‌‌နေကျ Riders ‌တွေက အလွတ်‌ရ‌နေ
တာလည်းပါပါတယ်‌။ ပြိုင်‌ပွဲဝင်‌‌ကြေးမသက်‌မှတ်‌ထားပဲ ကြိုက်‌တဲ့သူဝင်‌ပြိုင်‌လို့ရပါတယ်‌။ သက်‌မှတ်‌
ထားတဲ့လိုင်‌စင်‌‌တွေ အရည်‌အချင်း‌တွေ‌တော့ရှိရမှာ‌ပေါ့။ Practice ‌နေ့မှာ ပြိုင်‌ခွင့်‌ရတဲ့လူအားလုံးကို
အချိန်‌နဲ့ပြိုင်‌‌စေပါတယ်‌။ ပြိုင်‌ပွဲဝင်‌သူဘယ်‌‌လောက်‌ပဲရှိရှိ အမြန်‌ဆုံး‌မောင်းနိုင်‌တဲ့ ၇၈ စီးကိုပဲ‌ရွေးပါတယ်‌။
အဲ့ဒီ ၇၈ စီးကို‌နောက်‌‌နေ့ Main Race မှာဝင်‌ပြိုင်‌‌စေပါတယ်‌။ ၇၈ စီးထဲက ၁ က‌နေ ၁၀ ဟာ သက်‌မှတ်‌ထား
တဲ့‌နေရာ ၃‌နေရာမှာ GoPro ကင်‌မရာ ၃လုံးကိုတပ်‌ဆင်‌ပြီးပြိုင်‌ပွဲဝင်‌ခွင့်‌ရရှိပါတယ်‌။ Superbike ‌တွေက
၆ ပါတ်‌ပြိုင်‌ရပြီး E Bike, Lightweigth Supertwin နဲ့ Classic ပွဲ‌တွေက‌တော့ ၄ပါတ်‌ပဲပြိုင်‌ရပါတယ်‌။
အဲ့ဒါ‌ကြောင့်‌ ပြိုင်‌ခွင့်‌ရဖို့အတွက်‌ Practice ‌နေ့မှာတင်‌အသည်းအသန်‌‌မောင်း‌ကြတာကို‌တွေ့ရမှာပါ။
အန္တရာယ်အရမ်းများပြီးကြောက်စရာကောင်းလို့ Sport
Media တွေဖြစ်တဲ့ Starsport တို့ ASN တို့ကမလွှင့်ပါဘူး။ ( Live လွှင့်‌ရင်‌လည်း ၆ စက္ကန့်‌‌ နောက်‌ကျပြီးမှ
လွှင့်‌ကြပါတယ်‌။)
ကြည့်‌ချင်‌ရင်‌ ကိုယ့်‌ဘာသာကိုယ်သွားကြည့်ရပါတယ်။ဒါပေမယ့်အချို့ Media တွေက Live မဟုတ်တဲ့
Edited လုပ်ပြီးသားတွေပြတာလည်းရှိပါတယ်။အဲဒါကြောင့်တို့မြန်မာနိုင်ငံက
သိပ်မသိကြတာပါ။
 Isle of Man TT ဆိုင်ကယ်သမားတွေဟာငွေကြေးကြောင့် ပြိုင်ကြတာမဟုတ်ပါဘူး၊ Honor အတွက်ပြိုင်ကြတာပါ။Safety မရှိဘူး အန္တရာယ်များတယ် သေနိုင်တယ်ဆိုတာလည်းသိတယ် ဒါပေမယ့်ပြိုင်ကြတာပဲ။ John McGuinness နဲ့ Guy Martin,Michael Dunlop လို့ပြောလိုက်ရင်တကယ့်ဆိုင်ကယ်သမားတွေက MotoGP က Rossi တို့ Stoner, Marquez တို့ထက်‌ သူတို့ကိုပိုပြီးလေးစားကြပါတယ်။လူတွေကတော့သူတို့ကိုသေမှာမကြောက်တဲ့ မိုက်ရူးရဲတွေလို့ပြောကြပါတယ်။ ဒါပေမယ့်ကမ္ဘာအရပ်ရပ်ကဆိုင်ကယ်သမားတွေ တစ်ညီတစ်ညွတ်တည်းပြောကြတာတော့ သူတို့တွေကမှတကယ့် True HEROES တွေပါတဲ့။
— 

Source: Ko Yan Naing Htwe

ဗွီဒီယိုရုပ်သံ ကြည့်ရှုရန်



 
Top