ခြုံခိုတိုက်ခိုက်ခြင်းကို အင်္ဂလိပ်အဘိဓါန်တွင် Ambush to wait in hiding for and make a suprise attack on ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည် ၊ တနည်းပြောရလျှင် Concealment of troops in a wood laying in wait. ကို ခေါ်ဆိုခြင်းဖြစ်သည်။စစ်ကျောင်းတော်ကြီးတွင် စစ်ကဏ္ဍကြီး၎ရပ်ဖြစ်သော(ခံ,ခွာ,တိုက်,ချီ) ကို တပ်မတော်သားများသင်ကြားခဲ့ကြရပြီးဖြစ်သော်လည်း မကြာခနဆိုသလိုခြုံခိုတိုက်ခိုက်ခံရသည်များရှိသည်။ထို့ကြောင့် ဘယ်လိုအခြေအနေမျိုးတွင် ခြုံခိုတိုက်ခိုက်ခံရပါသနည်း။

 ခေတ်သစ်စစ်ပွဲများတွင် ခြုံခိုတိုက်ခိုက်ခြင်းမခံရအောင် ဘယ်လိုကာကွယ်မည်နည်း။
ခြုံခိုတိုက်ခိုက်ပုံ တိုက်ခိုက်နည်းများအကြောင်းကို ရေးသားလိုပေသည်။
ခြုံခိုတိုက်ခိုက်ရာတွင် ပထ၀ီအငိုက်၊လူအငိုက်၊ အချိန်အငိုက်ကို ရွေးချယ်ကာ အမြတ်ထုတ်ရသည်။
ခြုံခိုမည့်နေရာရွေးချယ်ခြင်း၊ ခြုံခိုတိုက်ခိုက်မည့်အင်အားနှင့်နေရာချထားမှု၊ အချိန်သတ်မှတ်မှု့တို့သည် အရင်းအနှီးနည်းနည်းနှင့် အကျိုးအမြတ်များများရနိုင်ပေသည်။ အခြေခံအားဖြင့် ခြုံခိုတိုက်ခိုက်ရန်အရေးကြီးသောအချက်မှာ သတင်းလက်ဦးမှု့ရယူရန်လိုပေသည်၊ တနည်းအားဖြင့်မိမိထောက်လှမ်းရေးကောင်းလျှင်ကောင်းသလို ထိရောက်မှု့ရှိနိုင်သည်၊ထို့ကြောင့် No Imformation, No Operation ဟုပင် ပြောစမှတ်ပြုကြလေသည်။

သတင်းစုဆောင်းရာတွင် မိမိတို့၏အမာခံကေဒါများ မြှုပ်နှံခြင်း၊နယ်မြေခံလူထုအားစည်းရုံးနိုင်ခြင်း၊
နယ်မြေကျွမ်းကျင်နှံ့စပ်ခြင်း၊
ဆက်သွယ်ရေးကြားဖြတ်သတင်းများရယူခြင်း၊ ဂြိုလ်တုသတင်းများ၊ UAVနှင့် ဒရုံးများအသုံးပြုခြင်း၊ထောက်လှမ်းရေးလေယာဉ်များအသုံးပြုခြင်းစသော နည်းလမ်းပေါင်းစုံရှိပေသည်။
တခါတရံ ရန်သူ၏အလေ့အထ၊ ၀င်လမ်းထွက်လမ်း၊ချဉ်းကပ်လမ်းများကိုသိရှိနေခြင်းဖြင့် ခြုံခိုတိုက်ခိုက်နိုင်သည်။ တခါတရံ ရန်သူကိုစစ်မြှူ၍ Deception လုပ်ကာခြုံခိုတိုက်ခိုက်နိုင်သည်။

တခါတရံ အရံအင်အားစုအနည်းငယ်က တပ်မတော်စခန်းကိုလာရောက်ပစ်ခတ်စစ်မြှူ ကာ တပ်ကထွက်လိုက်လျှင် ဆုတ်ပြေးတတ်ပြီး ရန်သူ၏အဓိကအင်အားစုက တနေရာမှစောင့်ကာ အလစ်အငိုက် Ambushလုပ်တတ်သည်။ အများအားဖြင့်
့ဗကပတို့သည်လည်းကောင်း၊ တချိန်ကKNU အဖွဲ့ငယ်လေးများသည်လည်းကောင်း ထိုနည်းလမ်းကိုအသုံးပြုကာ ခြုံခိုတိုက်ခိုက်တတ်သည်။
တခါတရံ၂ယောက်၃ယောက်မှသည် တပ်စိတ်၊တပ်စု၊တပ်ခွဲကြီးများအထိခြုံခိုတိုက်သောဗျူဟာကိုအသုံးပြုတတ်သည်။


 ခြုံခိုခြင်းနှင့်လှည့်ဖျားခြင်း(Ambush & Deception.)
★ ★ ★ ★ ★ ★ ★
၂၀၁၅ခုနှစ်ဖေဖေါ်ဝါရီလ.၉ရက်..နံနက်စောစော
ဖုန်ကြားရှင်၏မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်အချို့သည် ဖိုးဝှီးကားများဖြင့် တောက်ရွှေကျေးရွာသို့ဝင်ရောက်လာပြီး ပြည်သူ့စစ်များကိုလက်နက်သိမ်းကာ တရုပ်နယ်စပ်ဖက်သို့ပြန်လည်ထွက်ခွာသွားခဲ့သည်။

ဒကစ လောက်ကိုင်သည် ယင်းသတင်းကိုရသည်နှင့် နယ်မြေခံတပ်များကို စစ်ကြောင်း၂ကြောင်းခွဲကာ ဖုန်ကြားရှင်တပ်များနောက်သို့လိုက်လံရှင်းလင်းရန်တာဝန်ပေးလိုက်တော့သည်။
စစ်ကြောင်းများမှာ အင်အားမသေးလှပါ သို့ရာတွင် ဗကပလက်ဟောင်းကြီးဖုန်ကြားရှင်က တပ်များကိုစစ်မြှူဆွဲထုတ်ကာ လမ်းမှ ခြုံခိုတိုက်ခိုက်တော့သည်။
တပ်များကို မလှုပ်နိုင်အောင်ထိမ်းချုပ်ထားပြီး အရပ်ဝတ်နှင့်သောင်းကျန်းသူများက နောက်တန်းဌာနချုပ်များကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်တော့သည်။
ထို့အပြင် အလျှင်အမြန်စစ်ကူပေးရန်ချီတက်လာသောတပ်များကိုလည်း ဖြတ်တောက်တိုက်ခိုက်ခံရသည်။
UAVနှင့် အစောင့်လိုက်လူသယ်သံချပ်ကာယာဉ်များမပါဘဲ အလျှင်အမြန်ချီတက်လာသော တပ်များအားလုံး Ambushကြောင့်အထိနာကုန်သည်။

MI.35 များ၊K.8လေယာဉ်များဖြင့် Close Air Support လုပ်နိုင်ခြင်းကြောင့် အပြီးသတ်ချေမှူန်းခြင်းမခံရသော်လည်း ရန်သူ၏ Ambush မှာ အောင်မြင်သင့်သလောက် အောင်မြင်သည်ဟုပြောနိုင်သည်။

တချိန်က ရှမ်းပြည်၌ ဗိုလ်စပါယ်ရှယ်၊ဗိုလ်အောင်သန်းလေး၊နစ်ဖြူအနောက်မြောက်တိုင်းမှ ဗိုလ်သက်ထွန်းတို့လည်း ခြုံခိုတိုက်ခိုက်မှု့တွင်နာမည်ကြီးသည်၊တပ်မတော်၏ ချီတက်ရာလမ်းကြောင်း၊အချိန်၊တို့ကိုအမာခံများမှ တဆင့်ထောက်လှမ်းကာ တပိမတော်ကိုမကြာမကြာခြုံခိုတိုက်ခိုက်တတ်သည်။ စာရေးသူတို့နယ်ဘက်တွင် အနောက်ရိုးမသွားရာလမ်းချောင်းနဘေးတွင် ဇော်မင်းချောက် ဟုယခုထိခေါ်ကြသည်၊ ခလရ၃၆ မှ ဗိုလ်ဇော်မင်းတယောက် ချောင်းကို ဖြတ်လဲနေသောသစ်ပင်ပေါ်မှ ဖြတ်ကူးစဉ် ဗကပ လက်ဖြောင့်တပ်ကခြုံခိုတိုက်သဖြင့်ကျဆုံးခဲ့သောချောက်ကို ဇော်မင်းချောက်ဟုအစွဲပြုခေါ်ခဲ့ကြသည်။လူနည်းနည်းနှင့်Ambushကို ထိရောက်စွာအသုံးချသွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးတင်ဦး ခြုံခိုအတိုက်ခံရခြင်း
★ ★ ★ ★ ★ ★ ★ ★ ★ ★
လွယ်လင်မြို့ကလေးသည်သာယာသော်လည်း ဆောင်းတွင်းအခါအလွန်အေးပြီးအနှူတ်.၄.၅အထိရှိတတ်သည်။ထိုစဉ်ကတပ်ရင်းမှူးမှာ ဗိုလ်မှူးတင်ဦး(နောက်ကာကွယ်ရေးဦးစီးချုပ်)သည် မေမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အစည်းအဝေးသွားရန်ရှိသည်။ ရန်သူက ယင်းသတင်းကိုကြိုတင်ထောက်လှမ်းရရှိသွားဟန်ရှိသည်။

ခရီးထွက်သောနေ့တွင် ဗိုလ်မှူးတင်ဦး၏၀ီလီဂျစ်ကားနှင့် အစောင့်လိုက်စစ်သည်တင် အရပ်ဘက်၃တန်ယာဉ်တစီး နံနက်စောစော မေမြို့သို့ထွက်ခွာလာခဲ့သည် တပ်ရင်းမှူး၏၀ီလီဂျစ်ကားတွင် တပ်ရင်းမှူးအပြင် ဗိုလ်ကြီးသန်းအောင်(ချာလီ)နှင့် ဗိုလ်ကြီးအေးမောင် တို့အပြင် ကျောင်းတက်မည့်ကျောင်းသား၂ဦးဖြစ်သော ကိုမြင့်ဆွေ(နောင်.ဒုဗိုလ်မှူးကြီးမြင့်ဆွေ.ငြိမ်း)နှင့် ဘလှသန်းတင်တို့၂ဦးလည်း ပါသည်။

လွယ်လင်မှနံနက်စောစောထွက်ပြီး မိုင်းပွန်တွင်ခေတ္တနားကာ ဆက်ထွက်ခဲ့ကြရာ အက်စကော့လိုက်သော၃တန်ကားမှာ တဖြေးဖြေးနောက်ကျန်ခဲ့တော့သည်။
မိုင်းပွန်တံတားကိုကျော်ခဲ့ပြီး တောင်တက်နေရာသို့တပ်ရင်းမှူး ဗိုလ်မှူးတင်ဦး၏ကားရောက်လာချိန်.....
ဖောင်း...ဖောင်း...ဒိုင်း...ဒိုင်း..ဒက်ဒက်..
တံတားအလွန် ၁၅မိနစ်ခန့်အကြာတွင် ဗိုလ်မှူးတင်ဦး၏ကားအား ခြုံခိုတိုက်ခံရတော့သည်။
ကားကိုကျည်ဆံများက တဖုန်းဖုန်းလာရောက်ထိမှန်ပြီး ကားမှာလမ်းဘေးတွင်ထိုးရပ်သွားကာ
တိမ်းမှောက်ခြင်းတော့မရှိပါ။ စစ်သားဆိုတော့လည်း အတွေ့အကြုံရှိသည်၊ခြုံခိုတိုက်ခိုက်ခံရသည်နှင့် ကားပေါ်မှ လှိမ့်ဆင်းလိုက်ကြပြီး ကျောင်းသားကိုမြင့်ဆွေတယောက်သာ ကားပေါ်တွင်ပြားနေအောင်ဝပ်နေလိုက်တော့သည်၊သောင်းကျန်းသူများက တောင်စောင်းပေါ်မှဒူးထောက်ကာ အပိုင်ပစ်နေသည်။ ကားမှန်နှင့် ဘီးကိုထိမှန်သံပါကြားရသည်။
ကိုမြင့်ဆွေတယောက်သာ ကားပေါ်၌ရှိနေပြီးကားအောက်မှ ယာဉ်မောင်း ကိုသက်ရှည်၏ညည်းသံကြားရသဖြင့်..
ကိုသက်ရှည်ကျွန်တော်ကားပေါ်မှာရှိတယ် အောက်ဆင်းလာရမလား..ဟုမေးလိုက်ရာ...
ဆင်းရင် မင်းကိုမှန်လိမ့်မယ်....မဆင်းနဲ့ဝပ်နေ..၀ပ်နေ..ဟုလှမ်းပြောကာ...
ငါ့ကိုမှန်ထားတယ်..ငါ့အင်္ကျီအိတ်ထဲမှာ ရွှေဆွဲကြိုးတစ်ကုံးရှိတယ် ငါသေရင် ငါ့မိန်းမကိုပေး.ပေးပါဟု မှာရှာသည်။

ထိုစဉ် ကာဘိုင်ပစ်သံ တဖန်းဖန်းပေါ်လာသည်။လုံခြုံရေးကားရောက်လာသံမကြားသေး..ကာဘိုင်နှင့်ခံပစ်နေသူမှာ တပ်ရင်းမှူး ဗိုလ်မှူးတင်ဦးဖြစ်သည်။
တပ်ရင်းမှူးမှာထိမှန်ခြင်းမရှိသေးပါ ဗိုလ်ကြီးသန်းအောင်မှာ ၀မ်းဘိုက်တွင်သေနတ်ထိမှန်ပြီး ဗိုလ်ကြီးအေးမောင်မှာ လက်ကိုထိမှန်ပြီး သေနတ်တခြားလူတခြားဖြစ်နေသည်။
တပ်ရင်းမှူးတစ်ယောက်တည်း ခုခံပစ်နေရာမှဂျစ်ကားထိုင်ခုံဘေးရှိအစည်းအဝေးတွင်တင်ပြမည့်အရေးကြီးစာရွက်စာတမ်းများနှင့်ငွေထည့်ထားသောအိတ်ကို ပြေးလာဆွဲယူပြီးပြန်အဆုတ်တွင် တင်ပါးနှစ်ဖက်ကိုသေနတ်ထိမှန်သည်။
အား....ဖန်း..ဖန်း..ဖန်း
တပ်ရင်းမှူးသည်သေနတ်ထိမှန်သော်လည်းတချက်သာအော်လိုက်ပြီး ကာဘိုင်နှင့်ပြန်ပစ်ကာ..တောင်စောင်းတစ်နေရာရှိထင်းရူးပင်သစ်ခေါင်းရှိရာသို့တွားတက်ပြီး ကာဘိုင်နှင့် တစ်ချက်ချင်းပြန်ပစ်နေသည်။

တက်ရင်းမှူးမှ အဆက်မပြတ်ပစ်နေသဖြင့် ဂျစ်ကားဆီသို့ဆင်းလာသောရန်သူမှာ ရှေ့ဆက်မတက်နိုင်ဘဲ..
လက်နက်ချဟေ့...
လက်နက်ချ..ငါတို့ဝိုင်းထားပြီဟုအော်ပြောနေသည်။
တပ်ရင်းမှူးကြီးက..
မချဘူးကွ.....မချဘူး...ငါသေမှလက်နက်ချမယ်....
တပ်ရင်းမှူးကြီးသည်မပြတ်အော်ရင်းက ကာဘိုင်ဖြင့် တဖန်းဖန်းခုခံပစ်နေသည်။
မကြာမှီ......
ဒိုင်း....ဒိုင်း....ဒက်ဒက်...ဒက်..တပ်ရင်း၁ဟေ့....တပ်ရင်း(၁)ကွ...
နောက်မှအက်စကော့လိုက်လာသောသုံးတန်ယာဉ်ရောက်လာပြီး ရန်သူကို ဒလကြမ်းပစ်ခတ်ကာ အပြေးတက်တော့သည်...
တပ်မတော်သားများက ရဲဝံ့စွန့်စားစွာတိုက်ခိုက်မှု့ကြောင့်
ခြုံခိုတိုက်ခိုက်သော သောင်းကျန်းသူများမှာ ဆုတ်ခွာထွက်ပြေးတော့သည်..
ပြေးပြီဟေ့...လိုက်လိုက်...
ဒိုင်း...ဒိုင်း...ဒက်..ဒက်...ဒက်
တပ်မတော်သားများက ပစ်ခတ်ရင်းအတင်းလိုက်တော့သည်။
ရန်သူရှင်းသွားပါပြီ...
ရန်သူများသေသူသေ..ဒဏ်ရာရသူရ ကုန်သလို..
မိမိဖက်မှ ...
ဗိုလ်ကြီးအေးမောင်လက်မောင်းဒဏ်ရာရ၊ဗိုလ်ကြီးသန်းမောင်မှာ ၀မ်းဘိုက်ဒဏ်ရာရ၊ယာဉ်မောင်း ရဲဘော်သက်ရှည်မျက်လုံးတဖက်ထိမှန်ဒဏ်ရာရ.တပ်ရင်းမှူး ဗိုလ်မှူးတင်ဦးမှာ တင်ပါးနှစ်ဖက်လုံးနှင့်ခန္ဓာကိုယ်နေရာအတော်များ၂ဒဏ်ရာရပြီး ကားကြုံစီးလိုက်လာသော ကျောင်းသား ဘလှသန်းတင်မှာ ဦးခေါင်းတွင်ကျည်ဆံထိမှန်သေဆုံးခဲ့ပြီး ကျန်ကျောင်းသား ကိုမြင့်ဆွေတစ်ယောက်သာ ဒဏ်ရာအနာတရမရရှိခဲ့ပေ။

ယင်းမှာဗိုလ်မှူးတင်ဦး(ခေါ်)ဗိုလ်ချုပ်ကြီးတင်ဦး၊NLDနာယက ကြီး၊ တပ်မတော်တွင်တာဝန်ထမ်းဆောင်စဉ်ချုံခိုတိုက်ခိုက်ခံရခြင်းပင်ဖြစ်ပါသည်။
ယနေ့ဖေ့စ်ဘုတ်ပေါ်တွင် ဘယ်တပ်ရင်းကြီးတက်လာပြီ...မင်းတို့သေဖို့သာပြင် ဘာညာသာကရကာ လုပ်နေသူများသည် အလိုလို သူပုန်သတင်းပေးဖြစ်မှန်းမသိဖြစ်နေသည်ကိုသတိပြုဆင်ခြင်ဖွယ်ဖြစ်သည်။ မိမိတို့တပ်မတော်က ခြုံခိုတိုက်ခိုက်ခံရသလို မိမိတို့ကလည်း ခြုံခိုတိုက်ခိုက်မှု့ဖြင့်အောင်ပွဲရခဲ့သည်များကိုဆက်လက်ရေးသားပါဦးမည်...

Credit >>> ShinAungNay
 
Top