0
အီတလီနိုင်ငံ Naples ကမ်းရိုးတမ်းနဲ့ အနီးအနားမှာတည်ရှိတဲ့ Gaiola Island ကျွန်းရဲ့ ထူးခြားချက်ကတော့ ပိုင်ရှင်အဆက်ဆက် သေဆုံးကြရတယ်ဆိုတဲ့အချက်ပါဘဲ။ ဒီကျွန်းကို ပိုင်ဆိုင်လိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မလား၊ သို့တည်းမဟုတ် အဖြေရှာမရတဲ့ သေဆုံးခြင်းနဲ့ သေမလားဆိုတာသာ ရွေးထားပေတော့လို့ ဆိုပါတယ်။


ဒါကြောင့် ဒီကျွန်းကို ပွဲစားတွေ အိမ်ခြံမြေအကျိုးဆောင်တွေက ၀ယ်ဖို့မပြောနဲ့ မျက်လုံးနဲ့တောင် ငဲ့မကြည့်ကြဘူးလို့ ဆိုပါတယ်။ ဒီကျွန်းကို ရှေးဟောင်းရောမလူမျိုးတွေက ဗီးနပ်စ်ရုပ်တုပါတဲ့ ဘုရားကျောင်းတစ်ခု တည်ဆောက်ခဲ့ပါတယ်။ ဒီ
ကျွန်းရဲ့ မမြင်နိုင်တဲ့ထူးဆန်းမှုတွေကြောင့် 1880 ခုနှစ်မှာ ရသေ့ကြီးတစ်ဦးက The Wizard လို့  အမည်ပြောင်ပေးခဲ့ပါ
တယ်။

ဒီကျွန်းမှာနေခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကတော့ နာမည်ကျော် ရိုမန်ကဗျာဆရာ Virgil ဖြစ်ပါတယ်။ သူဟာ ကျောင်းသားဘ၀ကို အဲဒီကျွန်းမှာပဲ နေထိုင်ကုန်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းဟာ ကမ်းခြေနဲ့ကပ်နေလို့ ရေကူးပြီးသွားမယ်ဆို သွားလို့ရပါတယ်။ ဒါပေမယ့် အခုထက်ထိ ဘယ်သူမှ အဲဒီကျွန်းလေးနဲ့ ပင်မကမ်းခြေဘက်ကို လက်ပစ်ကူးတဲ့သူ မရှိသေးပါဘူး။

သမိုင်းကျောင်းအရ 1880 ၀န်းကျင်လောက်မှာ The Wizard ကျွန်းဟာ မုန်တိုင်းမိလာတဲ့ တံငါသည်တစ်ဦးကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ အဆိုပါ တံငါသည်ဟာ မှော်အတတ်ကို တတ်မြောက်သူဖြစ်ပါတယ်။ မုန်တိုင်းဆဲတော့ ဒီကျွန်းကနေ ထွက်ခွာသွားပြီး အဆောက်ဦတစ်ခုတည်ဆောက်ကာ ကျိန်စာတွေ ထားခဲ့ပုံရတယ်လို့ ဒေသခံတွေယူဆခဲ့ပါတယ်။

ဒီနောက်မှာတော့ Fiat ကုမ္မဏီပိုင်ရှင် Gianni Agnelli က ဒီကျွန်းကိုပိုင်ဆိုင်ခဲ့ပါတယ်။ ဒီကျွန်းကို ပိုင်ဆိုင်ပြီးနောက် ဆွေးမျိုးသားချင်းတွေ ထူးထူးဆန်းဆန်း သေဆုံးကုန်လို့ အမြန်ပြန်ရောင်းခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သန်းကြွယ်သူဌေး Paul Getty  က ဒီကျွန်းကို ၀ယ်ခဲ့ပါတယ်။ မကြာပါဘူး သူရဲ့မြေး အလုပ်ကြံခံခဲ့ရပါတယ်။

နောက်ဆုံးပိုင်ရှင်ကတော့ အာမခံကုမ္မဏီလုပ်ကိုင်ခဲ့တဲ့ Gianpasquale Grappone ဖြစ်ပြီး ဒီကျွန်းကို ၀ယ်လိုက်ပြီးကာမှ ကုမ္မဏီအရှုံးပေါ်ခဲ့ပါတယ်။ အကြွေးတွေ မဆပ်နိုင်လို့ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်းကို ပိုင်ဆိုင်သူမရှိတော့ပါဘူး။ အီတလီအစိုးရက Campania နယ်မြေအုပ်ချပ်မှုအောက်မှာ ထိမ်းသိန်းထားပါတယ်။ အဲဒီကျွန်းကို ၀ယ်မယ်ဆိုရင်လည်း အလကားပေးတောင် မ၀ယ်ပါနဲ့လို့ ပွဲစားတွေက သတိပေးမှားကြားခြင်း ခံထားရတဲ့ ကျွန်းပါ။


အဲဒီနောက် ဘယ်သူမှ ကျွန်းပေါ်ကို သွားရောက်နေထိုင်ခြင်း မရှိတော့ပါဘူး။ 1920 မှာ ဆွဇ်ဇာလန်စီးပွားရေးသမား Hans Braun က ပိုင်ဆိုင်ခဲ့ပြီး မကြာမီမှာ ၎င်းဟာ ကျွန်းပေါ်အတက် လှေကားရင်းမှာ ဒဏ်ရာမရှိဘဲ သေဆုံးနေခဲ့ပါ
တယ်။ အဲဒီနောက် သူ့ဇနီးဟာ ရေနစ်သေဆုံးခဲ့ပါတယ်။
နောက်ထပ် ပိုင်ရှင်ကတော့ ဂျာမန်လူမျိုး Otto Grunback ဖြစ်ပြီး ကျွန်းပေါ်က Villa မှာ အခြားပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Maurice-Yves Sandoz နဲ့အတူ အပန်းဖြေနေစဉ် နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ မကြာပါဘူး Sandoz လည်း ကျွန်း
ပေါ်မှာပဲ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။



Post a Comment

 
Top