0

 ဇာတ်ကားတစ်ကားရိုက်ပါက ဘယ်လောက်ရလဲဆိုသည့် မေးခွန်းကိုအကြောက်ဆုံး ဖြစ်ကြောင်း သရုပ်ဆောင်ကျော်ဇင်ထွဋ်က ပြောသည်။ ''ကျွန်တော်ရိုက်တဲ့ကာရိုက်တာ တွေက တချို့ကာရိုက်တာတွေဆို ပရိသတ်တွေမုန်းတဲ့ ကာရိုက်တာတွေရှိပါတယ်။ အဲ့ဒီလိုကာရိုက်တာတွေ ဘာကြောင့်ရိုက်ဖြစ်တာလဲဆိုရင် ကျွန် တော်နဲ့ ဦးကျော်(ကျော်ဟိန်း)နဲ့ ရိုက်တာများပါတယ်။ အဲဒီလိုနှစ်ယောက် ရိုက်တာများလာတော့ နောက် ကျွန် တော် ဦးကျော်နဲ့ မရိုက်ဖြစ်လည်း တခြားလူတွေလာငှားရင်လည်း သူတို့ကဒီလိုကာရိုက်တာတွေကိုပဲပြော ပြီးငှားကြပါတယ်''ဟု၎င်းက ပြောသည်။

အနုပညာလောကထဲသို့ ကာ ရိုက်တာရွေးချယ်ခြင်းမရှိဘဲ ရိုက်ကူးရန်နှင့် အလုပ်လုပ်ရန်အတွက်သာ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။  ''ကျွန်တော်က အရင်ကအပြင် လောကမှာဆိုးတယ်၊ အလုပ်လည်းလုပ်ချင်စိတ်မရှိဘူး။ နောက်ဦးကျော် နဲ့တွေ့တော့ သူကမင်းမှာ ကလေး လည်းရှိတယ်။ အလုပ်ကိုလုပ်ဆိုတော့ ကျွန်တော် အဲဒီကတည်းက အလုပ် တွေလုပ်ဖြစ်တယ်။ ကျွန်တော်က ဘယ်ကာရိုက်တာမဆိုရိုက်တယ်၊ မရွေးပါဘူး။ အလုပ်လုပ်နေရရင်ပြီးရောဆို တဲ့သဘောနဲ့ပါ။ ကျွန်တော်သရုပ် ဆောင်ပဲဖြစ်ချင်ပါတယ်။ ကျွန်တော် ဝါသနာအရမ်းပါလို့ ဒီလောကထဲဝင် လာတော့မဟုတ်ပါဘူး။ လုပ်ရင်းနဲ့ စိတ်ဝင်စားတာပါ။ တစ်ခါတလေကျရင်တော့ ကိုယ်ရတဲ့ဈေးနဲ့သိမ်ငယ် ရတာတွေတော့ရှိပါတယ်။ ကျွန်တော်တို့ ဒီဇာတ်ကားတစ်ကားရိုက်ရင် ဘယ်လောက်ရလဲဆိုတဲ့ မေးခွန်းကို အကြောက်ဆုံးပါပဲ။ ကျွန်တော်က ဇာတ်ကားတစ်ကားမှာ မင်းသားကို ထောက်ပံ့ပေးတယ်ဆိုတဲ့စိတ် မရှိပါဘူး။ 

ဇာတ်ကားတစ်ကားကိုအကောင်းဆုံး အားလုံးဝိုင်းဝန်းသရုပ်ဆောင် နေတယ်လို့ပဲမြင်ပါတယ်။ နောက် ဈေးကွာခြားတယ်ဆိုတာကလည်း ကျွန်တော်တို့မှာဖြစ်နေတဲ့ ခိုးကူးခွေ ကြောင့်လို့ ကျွန်တော်ထင်ပါတယ်။တစ်လလုံးကို ဇာတ်ကားတစ်ကားမှ မရိုက်လိုက်ရတဲ့နေ့တွေလည်း ရှိသလို၊ တစ်လတည်းကို ဟိုကားတစ်ရက် ဒီဇာတ်ကားတစ်ရက်ပါတဲ့နေ့တွေလည်းရှိပါတယ်။ ကျွန်တော်လည်း အကယ်ဒမီတော့လိုချင်ပါတယ်။ ဒါပေမဲ့ မျှော်လို့တော့မရပါဘူး''ဟု သရုပ် ဆောင်ကျော်ဇင်ထွဋ်က ဆက်လက် ပြောသည်။ ၎င်းကဆက်လက်ပြီး ယခုအချိန်အထိလည်း ကာရိုက်တာရွေးချယ်ခြင်းမရှိဘဲ လက်ခံရိုက်ကူးနေကြောင်းနှင့် ပရိသတ်များ စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေကြောင်း ဆက်လက် ပြောသည်။

Post a Comment

 
Top