0
ယနေ့ ကမ္ဘာနဲ့တဝန်းမှာ အမျိုးသမီးများ ကြီးငယ်အရွှယ်မရွေး ယုတ်မာတဲ့ အမျိုးသားတွေရဲ့ စော်ကားနှိပ်စက်ပြုခြင်းကို ခံနေရကြပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင် တွဲတင်ပေးထားပါသည် )
အင်အားခြင်း မမျှတလှတာကြောင့် အမျိုးသားတွေ ယုတ်မာဖို့ ကြိုးစားတိုင်းမှာ အမျိုးသမီးတွေဘက်က အမြဲလိုလို အရှုံးပေးရတာတယ်ဆိုပေမယ့် ခွန်အားခြင်း ယှဉ်မရတဲ့အခါ ဖြတ်ထိုးညဏ်ကို အသုံးပြုပြီး လွတ်မြောက်ဖို့အတွက် ရသလောက် ကြိုးစားနိုင်ရပါမယ်။ ဒီလို လျှပ်တပြက် ဖြတ်ထိုးညဏ်ကောင်းမှုကြောင့် ကျောင်းသူမိန်းမပျိုလေးဟာ သူမဘဝကို ဖျက်ဆီးမယ့်အရေးကနေ လွတ်မြောက်လာနိုင်ခဲ့ရပါတယ်။


ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်အားလုံးကို လမ်းဘေးမှာတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ ကနေ အစအဆုံး သိရှိခဲ့ရတာဖြစ်ပါတယ်။ ဖြစ်စဉ်မှာတော့ ကျောင်းသူကောင်မလေးဟာ ကျောင်းကနေ အိမ်ကိုအပြန် လမ်းမကြီးဘက်ကနေ မသွားပဲ လူအသွားအလာနည်းတဲ့ လမ်းဘက်ကနေ အိမ်ပြန်ခဲ့ရင်း လမ်းမှာ အမျိုးသားတစ်ဦးနဲ့ အမှတ်မထင် ဆုံခဲ့တာဖြစ်ပါတယ်။
လူလုံးဝပြတ်နေတဲ့ လမ်းဖြစ်တာကြောင့် ယုတ်မာချင်စိတ်ရှိတဲ့ အမျိုးသားမှာ ကျောင်းသူလေးကို အတင်းအဓမ္မစော် ကား ဖို့ ကြံစည်ပါတော့တယ်။ ကျောင်းသူလေးမှာ ရှိသမျှအားနဲ့ လူယုတ်မာလက်ထဲကလွတ်အောင် အတင်းရုန်းကန်ခဲ့ပြီး သူ့စိ တ်ကိုငြိမ်အောင်ထားကာ ဖြတ်ထိုးညဏ်နဲ့ လူယုတ်မာလက်ထဲကနေလွတ်အောင် စီစဉ်လိုက်ပါတော့တယ်။
ကျောင်းသူလေးဟာ သူ့ကိုယုတ်မာနေတဲ့သူကို စိတ်ငြိမ်ငြိမ်ထားဖို့နဲ့ တကယ်တော့ သူမဟာ မိန်းမပျက်တစ်ေ ယာက်ဖြ စ်ကြောင်း သူမမှာနေရာတစ်ခုရှိကြောင်းနဲ့ ထိုနေရာကိုသွားပြီး ပျော်ပါးရအောင်လို့ အယုံသွင်းလိုက်ပါတယ်။
လူယုတ်မာမှာလည်း ကျောင်းသူလေးရဲ့စကားကို အဟုတ်မှတ်သွားပြီး ထိုနေရာကို လိုက်ပို့ပေးဖို့ ပြောဆိုလိုက်ရာ ကျော င်းသူလေးမှာ လူယုတ်မာလက်ထဲကနေ လွတ်ရာကို ချက်ချင်းပြေးထွက်သွားခဲ့ပြီး နီးစပ်ရာရဲစခန်းကို အပြေးနှင်သွားခဲ့ ပါတယ်။
ရဲစခန်းရောက်တော့ ကျောင်းသူလေးက လူယုတ်မာရဲ့ပုံပန်းသဏ္ဍန် အဝတ်အစားအားလုံးကို အကုန်ပြောပြနိုင် တာေ ကြာင့် အချိန်တိုလေးအတွင်းမှာပဲ လူယုတ်မာကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကျောင်းသူမလေးဟာ သူကိုယ်သူ ကယ်တ င်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့် ပြသာနာ အခက်အခဲ တစ်စုံတစ်ရာကို ရင်ဆိုင်ရတဲ့အခါ စိတ်အေးအေးထားပြီး ညဏ်နဲ့ဖြေရှင်းတတ်ရင် အရာရာအဆင်ပြေနိုင်တယ်ဆိုတာ အားလုံးသတိထားမိဖို့ တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။



Post a Comment

 
Top