ဆိုင်ကယ်စီးပြီး အိတ်ဆွဲလုယက်ကာ အများပြည်သူကို ဒုက္ခပေးနေသူများအား ဖမ်းဆီးလိုက်ပြီ...
==============
အလွှမ်းသမားများကတော့ နေညိုရင် ရွှေဘိုကိုလွှမ်းတယ်လို့ ဆိုကြတယ် ..။ လွန်ခဲ့တဲ့ ရက်အနဲငယ်က နေညိုရင် ကျနော်တို့ ရဲတွေဟာ ကိုယ့်ရာထူးလေး ကိုယ် ပြန်ပြီးလွှမ်းရမလိုဖြစ်နေခဲ့ရတယ် ..။ ဘာကြောင့်လဲဆိုတော့ နေညိုညို အလုပ်အပြန် ..ဈေးအပြန် .. ရုံးအပြန် ..စတဲ့ အိမ်အပြန်လမ်းမှာ မိဘပြည်သူအချို့ ဆိုင်ကယ်စီး လူငယ်သုံးဦးက လက်ဆွဲပိုက်ဆံအိတ် လုယူထွက်ပြေးသွားတဲ့ လုယက်မှုဖြစ်စဉ်တွေ ရက်မခြားနီးပါး ဖြစ်ပွားခဲ့လို့ပါဘဲ ..။
ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်အများစုဟာ မနက် ၉ နာရီခွဲ အချိန်ကျပြီးဆိုရင် တရားစွဲအမှုတွေအတွက် အလုပ်များကြရတယ်..။ နောက်ပြီး တရားရုံးထုတ် အလုပ်များကို အချိတ်အဆက်မိအောင် လုပ်ကြရတယ်…။ နောက်ပြီး ထောင်ကြီးချုပ်ကို အချုပ်သားတွေ ပြန်ပို့ပေးရတယ်..။ နေညိုညို မောမောပန်းပန်းနဲ့ စခန်းကို ပြန်ရောက်ချိန်မှာတော့ အိတ်ဆွဲလုယက်ခံရသူက တိုင်တန်းဖို့ အသင့်စောင့်နေပါပြီ ..။
လုယက်ခံရသူဆိုတာကလည် လုယက်ပါ ပစ္စည်းဟာ တန်ဘိုးကြီးတာ သေးတာထက် ကိုယ့်ပစ္စည်းလေးကိုယ် နှမျှောမိကျမှာ ဓမ္မတာဘဲလေ ..။ လုယက်ခံရသူက လုယက်ခံလိုက်ရပြီဆိုတော့ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ အမှုမှန်ပေါ်အောင် ဖော်ထုတ်ဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ရပါတော့တယ် ..။
အခုတော့ မုံရွာမြို့ပေါ်မှာ ဆိုင်ကယ်စီးပြီး အိတ်ဆွဲလုယက်ကာ အများပြည်သူကို ဒုက္ခပေးနေတဲ့ လုယက်ရမ်းကားသူ လူငယ်သုံးဦးကို လုရာပါ ပစ္စည်းများနှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့ပါပြီ ..။ ဒါဟာ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ အလတ်တလော မိဘပြည်သူများအပေါ် တင်ကျန်နေတဲ့ အကြွေးတစ်ခုကို လတ်လတ်လောလော ပေးဆပ်လိုက်နိုင်ခြင်းသာဖြစ်ပါတယ် ..။
စကားစပ်မိလို့ ပြောရဦးမယ်ဗျာ …
အများသူငှာ ဥဒဟိုသွားလာနေတဲ့ လမ်းမကြီးတွေပေါ်မှာ အိတ်ဆွဲလုယက်ရမ်းကားနေတဲ့ သူတွေဆိုတော့ အကြီးကြီးတွေလို့ မှတ်ထင်ထားခဲ့တာ .. အခုတော့ တစ်ယောက်က အသက်(၂၀) ၊ နောက်တစ်ယောက်က (၁၈)နှစ်၊ နဲ့ ကျန်တစ်ယောက်က (၁၅)နှစ်ဘဲလို့ အကြမ်းဖျင်းသိထားရတယ် ..။ အသက်အထောက်အထားတွေ စီစစ်ပြီးရင်တော့ အခြေအနေမှန် သိရတော့မှာပါ … ကဲ .. အဖေတို့ ..အမေတို့ရေ .. သားတို့ရဲတွေက အကြွေးဆပ်လိုက်ပြန်ပြီနော် ..
Ref:
ရဲအုပ် ရဲအောင်
မုံရွာနယ်မြေရဲစခန်းမှူး




Post a Comment